အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန
Category: သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
နောက်ခံသမိုင်း
က။ | ၁၉၄၇ ခုနှစ်တွင် စက်မှုလက်မှု ညွှန်ကြားရေးဌာနအဖြစ် တိုးချဲ့ ဖွဲ့စည်းသည်။ |
ခ။ | ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှု ညွှန်ကြားရေးဌာနသည် ပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်း တိုးတက် ဖွံ့ဖြိုးရေးအတွက် လွှဲပြောင်းတာဝန်ယူ ခဲ့သည်။ |
ဂ။ |
၁၉၇၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနလက်အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ |
ဃ။ |
၂၁.၂.၁၉၇၄ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန လက်အောက်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ |
င။ | ၃၀.၃.၁၉၇၆တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းသည်။ |
စ။ | ၁၉၈၂ ခုနှစ်တွင် ရက်ကန်းကျောင်း (၁၄) ကျောင်းကို ပညာရေးဝန်ကြီးဌာန၊ စက်မှု စိုက်ပျိုးရေးနှင့် သက်မွေးပညာဦးစီးဌာန လက်အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသို့ လွှဲပြောင်း ခဲ့သည်။ |
ဆ။ | ၁၉၉၇ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကို ဦးစီးဌာနအဆင့်(၃)မှ ဦးစီးဌာန အဆင့် (၁)သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။ |
ဇ။ | ၂၀၁၁ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်၍ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအဖြစ် အမည် ပြောင်းလဲခဲ့ပါသည်။ |
ဈ။ |
၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့မှ စတင်၍ တိုင်းပြည်နယ် ဦးစီးဌာနမှူးရုံး (၁၅)ရုံးဖြင့် ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခဲ့သည်။ |
ည။ |
၂၀၁၆ ခုနှစ်၊ ဧပြီလတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ ရောက်ရှိခဲ့ပါသည်။ |
ရုံးသမိုင်း
(၁) | အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအား ၁၉၉၇ခု၊ အောက်တိုဘာလ (၃)ရက်နေ့တွင် ဖွဲ့စည်းသတ်မှတ်ခဲ့ ပါသည်။ |
(၂) | အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးရုံးခွဲအား ၁၉၉၈ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ဆောင်းဒါးရက်ကန်းကျောင်း၊ အမရပူရ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ခဲ့ပါသည်။ ရုံးစိုက်ဖွင့်လှစ်ပြီး(၂)နှစ်ခန့်အကြာတွင် ၂၇-၂-၂၀၀၁ ရက်နေ့တွင် အသေးစား စက်မှုလက်မှုလုပ်ငန်း၊ မန္တလေးတိုင်းရုံးအား ၈၂လမ်း နှင့် ၂၅လမ်းထောင့်သို့ အခြေစိုက်ရုံး ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ |
(၃) | အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးသည် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေ (၁၀.၁၀.၁၉၉၁)ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခဲ့ပါသည်။ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေ ကို အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေ (၂၇.၁.၂၀၁၁) အဖြစ် ပြန်လည် ပြင်ဆင်ပြဌာန်းခဲ့ပြီး မှတ်ပုံတင်လုပ်ငန်းများကို ဆက်လက်ဆောင် ရွက်ပေးခဲ့ပါသည်။ ဌာနအမည်အားလည်း အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအမည်သို့ ပြောင်းလဲခဲ့ ပါသည်။ |
(၄) |
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးသည် ၂၀၁၄ ခုနှစ်၊ တိုင်းဒေသကြီးလွှတ်ဥပဒေအမှတ် (၁၃)ဖြင့် ပြဌာန်းထားသော မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဖွံ့ရေးဥပဒေဖြင့် မှတ်ပုံတင်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိပါသည်။ |
ရည်ရွယ်ချက်
(၁) | အသက်မွေးဝမ်းကျောင်းပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးရန်၊ |
(၂) | သမဝါယမအသင်းများအဆင့်မြင့်တင်ရေးလုပ်ငန်းတွင် စက်မှုလက်မှုကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်ရန်၊ |
(၃) | အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ သမဝါယမကဏ္ဍအသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်၊ |
လုပ်ငန်းတာ၀န်
(၁) | မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဥပဒေအရ မှတ်ပုံတင် လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ |
(၂) | အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ |
(၃) | အစားအသောက်နှင့် လူသုံးကုန်၊ အလှကုန်များဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင် ရေးအတွက် ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊ |
(၄) | PGMF ,(INGOs)ဖြင့် Microfinance လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊ |
(၅) | အခြားအစိုးရဌာနများနှင့် ပူးပေါင်း၍ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် အလုပ်အကိုင်ရရှိရေး အတွက်နည်းပညာပေး သင်တန်းများဖွင့်လှစ်ခြင်း၊ |
(၆) | TOT သင်တန်းများဖွင့်လှစ်ခြင်း၊ |
(၇) | ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာမြို့)အား ကြီးကြပ်ကွပ်ကဲခြင်း၊ |
ရုံးလိပ်စာ |
၈၂ လမ်း x ၂၅ လမ်းထောင့်၊ ပြည်ကြီးကျက်သရေရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂ ၄၀၃၉၆၀၉ |
|
ဖက်စ်ဖုန်း | ||
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. |
|
Facebook Page | ||
Website | - |
Eservices | Topics | |
|
|
|
News | ||
|