xicover 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

 

Category: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

နောက်ခံသမိုင်း

မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဆိုင်ရာလုပ်ငန်းများကို ၁၉၈၂-၁၉၈၃ ဘဏ္ဍာရေးနှစ်အထိ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာမှ လယ်ယာနှင့်သစ်တောဝန် ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန(၂)ခုအဖြစ် ပြင်ဆင် ဖွဲ့စည်းရန် (၁၀-၂-၁၉၈၃) ရက်နေ့တွင် နိုင်ငံတော်ကောင်စီ၏(၃/၆)ကြိမ်မြောက် အစည်းအဝေး က ဆုံးဖြတ်ခဲ့သဖြင့် ၁၉၈၃၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာနကို ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို (၁၅-၃-၁၉၈၃) ရက်နေ့တွင် ဖွဲ့စည်းပုံပြင်ဆင်ခဲ့ ပါသည်။ ပျားလုပ်ငန်းဌာနခွဲကို (၄-၁၂-၂၀၀၃) ရက်နေ့တွင် ပျားလုပ်ငန်းဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး(၂၈-၆-၂၀၀၇) ရက်နေ့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအောက်သို့ သိမ်းသွင်း ဖွဲ့စည်းခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးကို ၁၉၄၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ 

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျှော်မှန်းချက်

(၁) နိုင်ငံတော်၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ဝန်ဆောင်မှုအရ မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ခြင်း၊
(၂) တိရစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိရစ္ဆာန် ကျန်းမာရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ အား စီမံခန့်ခွဲဆောင်ရွက်ခြင်း၊

 

 မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်

(၁) အသားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊
(၂) အသားကဏ္ဍထုတ်လုပ်မှုကို ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့်ပိုလျှံထုတ်လုပ်မှုများကို ပြည်ပ နိုင်ငံများသို့ ဖြန့်ဖြူးရေး၊
(၃) သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှုကို အားပေးရေး၊
(၄) အသားကဏ္ဍဆိုင်ရာ လူမှုစီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရေး၊

 

 

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မူဝါဒ

(၁) ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအမံ လုပ်ငန်းတွင် စိုက်ပျိုးရေးယှဉ်တွဲ လျက် တိုင်းရင်းကြက်၊ ဘဲ၊ ဝက်၊ ကျွဲနွား၊ သိုးဆိတ် မွေးမြူထုတ်လုပ်ရေး ဖွံ့ဖြိုး တိုးတက်ရေး၊
(၂) လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသသယ်ယူပို့ဆောင်ရေးတွင် အဓိကအထောက် အကူပြုသော ခိုင်းကျွဲနွားများ မလျော့ပါးရေး၊ ပြည့်စုံလုံလောက်ရေး နှင့် ကျွဲနွား မွေးမြူ ဖွံ့ဖြိုးတိုးတက် ရေးတွင် အဓိကကျသော ကျွဲနွားစားကျက်မြေများ မလျော့ပါးရေးနှင့် တိုးတက်ဖော်ထုတ်ရေး၊
(၃) တိရစ္ဆာန် သယံဇာတ အရင်းအမြစ်များမပြုန်းတီးရေး မျိုးဗီဇအသစ်များရှာဖွေဖော် ထုတ်ထိန်းသိမ်း၍ အကျိုးရှိစွာ အသုံးပြုရေး၊
(၄) စီးပွားဖြစ် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊
(၅) တိရစ္ဆာန်ကျန်းမာရေး၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းအား တိုးချဲ့သွင်းအားစုများ အရ အကောင်အထည်ဖော်ရေး၊
(၆) အပြည်ပြည်ဆိုင်ရာအဆင့်နှင့်ညီညွတ်သောအဆောက်အဦများ၊ လုပ်ငန်းအသုံးအဆောင် ပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ တပ်ဆင်အသုံးပြုရေး၊
(၇) အသားကဏ္ဍဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများ Research and Development (R&D) အချိန်နှင့် တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးရေး၊
(၈) တိရစ္ဆာန်ရောဂါထိန်းချုပ်မှုနှင့်အသားကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် တိုးတက်ဆက်သွယ်ဆောင်ရွက်ရေး၊
(၉) မွေးမြူထုတ်လုပ်မှုဆိုင်ရာ ပြည်တွင်း/ပြည်ပ အရင်းအနှီး တိုးတက်မြှုပ်နှံ ရေးအတွက် ဆက်သွယ်ဖိတ်ခေါ်ညှိနှိုင်းဆောင်ရွက်ရေး၊

 

 မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရည်မှန်းချက် ပန်းတိုင်များ

(၁) ပြည်တွင်းအသားစားသုံးမှုဖူလုံစေရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရန်၊
(၂) လယ်ယာကဏ္ဍ လိုအပ်ချက်နှင့်အညီ ခိုင်းကျွဲနွား ကောင်းများ ထုတ်လုပ်မွေးမြူ ထိန်းသိမ်းရန်၊
(၃) မွေးမြူထုတ်လုပ်မှုများကို အရည်အသွေးအရ အိမ်နီးချင်းနိုင်ငံများ၏ ထုတ်လုပ်မှု အဆင့် အတန်းနှင့်ညီညွတ်မှုရှိရန်၊
(၄) အရင်းအနှီးတတ်နိုင်သူများအား စီးပွားဖြစ်မွေးမြူထုတ်လုပ်ရေး အားပေးကူညီရန်နှင့် ရင်းနှီး မြှုပ်နှံမှုအတွက် စည်းရုံးဖိတ်ခေါ်ခြင်းကို တိုးတက်ဆက်သွယ်ဆောင်ရွက်ရန်၊
(၅) တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်နှင့်အပြည်အပြည်ဆိုင်ရာအဖွဲ့အစည်းများ၏တိရစ္ဆာန်ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိရန်၊
(၆) မွေးမြူကုန်ထုတ်မှုဆိုင်ရာ လူမှုစီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ပြည်ပ ဆက်သွယ်ရေးတိုးမြှင့်ရန်၊

 

 မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ

(၁) အစားအစာဘေးကင်းလုံခြုံရေး၊ စံချိန်စံညွှန်းမီ တိရစ္ဆာန်ဆေးဝါးများ၊ အစာများ ထုတ်လုပ်ရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ၊ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး၊ ရောဂါရှာဖွေစစ်ဆေးရေးတို့အတွက် အဆင့်မြှင့် ဓာတ်ခွဲခန်းများနှင့်ဒေသဆိုင်ရာ ဓာတ်ခွဲခန်းများ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပါသည်။
(၂) Public Private Partnership စနစ်ကျင့်သုံး၍ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်တွင်း ပြည်ပစျေးကွက်တွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့် တိရစ္ဆာန်ထုတ်ကုန်ပစ္စည်း များထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါသည်။
(၃) အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းပညာများဖြင့် ဒေသနွားများအား မျိုးမြှင့်တင်၍ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များတိုးတက်ရရှိနိုင်ရေး၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် တိရစ္ဆာန်အာဟာရဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသည်။
(၄) တိရစ္ဆာန်ကောင်ရေ အရင်းအမြစ်များ မပြုန်းတီးစေရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူ ထုတ်လုပ်မှုဖွံ့ဖြိုးမှု အထောက်အကူပြုစေရေးအတွက် ဒေသရေမြေရာသီဥတု တို့နှင့် ကိုက်ညီသည့် မျိုးဗီဇရှိသော တိရစ္ဆာန်များ ဖော်ထုတ်ထိန်းသိမ်းမွေးမြူပါမည်။
(၅) သားငါးကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုအပေါ် လိုက်လျောညီထွေဖြစ်စေမည့် ကြိုတင်အစီအမံများ ဆောင်ရွက်ပါမည်။

 

 မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များ

(၁) တစ်နိုင်ငံလုံး၏ အသားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ခြင်း၊
(၂) တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူပြုစုခြင်း၊
(၃) တိရစ္ဆာန်ရောဂါ ကုသ/ ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းနှင့်ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၄) တိရစ္ဆာန်စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊
(၅) တိရစ္ဆာန်မျိုးကောင်းမျိုးသန့် တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခြင်း၊
(၆) တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသန လုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၇) ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် စံပြကျေးရွာ ဖွင့်လှစ်ဆောင်ရွက် ခြင်း၊ ကျေးလက်ဒေသ မွေးမြူမှုဖွံ့ဖြိုးရန် ဆောင်ရွက်ခြင်း၊
(၈) နယ်စပ်တိရစ္ဆာန်ဖြတ်သန်းသွားလာမှု စစ်ဆေးရေးစခန်း (Check Points) လုပ်ငန်းဆောင်ရွက်ခြင်း၊
(၉) တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်း ပို့ကုန်သွင်းကုန်လုပ်ငန်းနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ကြည့် စစ်ဆေးရေးစခန်း ( Animal Quarantine Station) လုပ်ငန်းဆောင်ရွက်ခြင်း၊
(၁၀) ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၌ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်စနစ် အရ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်း၊
(၁၁) တိရစ္ဆာန်မျိုးကောင်းမျိုးသန့် တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခြင်း၊
(၁၂) စံပြမွေးမြူရေးခြံများ၊ ထူထောင်၍ သိပ္ပံနည်းကျမွေးမြူထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ခြင်း၊
     
  ရုံးလိပ်စာ

၇၈လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်

  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၄၀၈၀၇၉၄ 
  ဖက်စ်ဖုန်း ၀၂ ၄၀၈၀၇၉၄ 

  

Eservices   Topics
 
News