ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(စက်မှုတိုင်း(၄))
Category: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရည်ရွယ်ချက်
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုတိုင်း(၄)မှ စားနပ်ရိက္ခာ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ရေဘေး ကာကွယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေးအတွက် အဓိက ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
ဆောင်ပုဒ်
“ဆည်မြောင်းလုပ်ငန်းများဖြင့် သီးနှံ ဖွံ့ဖြိုးစေမည်။”
လုပ်ငန်းတာ၀န်
(၁) | အထက်မြန်မာပြည် ဆည်မြောင်းထိန်းသိမ်းရေး လုပ်ငန်းများနှင့် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း အသီးသီးတို့မှ ပြုပြင်ရန် ပေးပို့လာသည့် စက်ယန္တရားကြီးများအား ဘဏ္ဘာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေအရ ပြုပြင်ရန် စီမံချက်ရေးဆွဲခြင်း။ |
(၂) | အကြီးစားပြုပြင်ရမည့် စက်များအား မန္တလေးစက်မှုအလုပ်ရုံအဆင့်(က)နှင့် မိတ္ထီလာ စက်မှုအလုပ်ရုံအဆင့်(ခ)၊ အခြေစိုက်စက်ပြင်ရုံသို့ သယ်ယူ၍ သေချာစွာ စစ်ဆေး ပြုပြင်ပြီး၊ ပြုပြင်ထွက်ရှိလာသည့် စက်များအား လုပ်ငန်းလိုအပ်ချက်ရှိရာ စီမံကိန်း/ လုပ်ငန်းများသို့ စီစဉ်ပေးပို့ခြင်း။ |
(၃) | လုပ်ငန်းလိုအပ်ချက်အရ အရေးပေါ်ပြုပြင်မည့်စက်များ အမြန်ဆုံးပြုပြင်ပြီး၊ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် လိုအပ်သော စက်အရန်ပစ္စည်းနှင့် ပံ့ပိုး ပြုပြင်ပေးခြင်း၊ စက်မှုဝန်ထမ်းများအား သတ်မှတ်တာဝန် ချထားပေးခြင်း။ |
(၄) | ဆည်မြောင်းလုပ်ငန်းများ၌ လိုအပ်သော ရေတံခါးများအား ထုတ်လုပ်တပ်ဆင်ပေးခြင်း၊ ထိန်းသိမ်းပြုပြင်ပေးခြင်းနှင့် အခြားလိုအပ်သည့် စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ(ဥပမာ-ရေအားလျှပ်စစ် တာဘိုင်များ၊ Steel Form များ၊ Sheep Foot Roller များ)အား ထုတ်လုပ်ပေးခြင်း။ |
(၅) | ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အလုပ်ရုံဆေးနွေးပွဲများ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ အင်္ဂလိပ်စကားပြောသင်တန်းများဖွင့်လှစ်ပို့ချပေးခြင်း။ |
ရုံးလိပ်စာ |
ညွှန်ကြားရေးမှူးရုံး၊ စက်မှုတိုင်း(၄)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးမြို့။ |
|
ရုံးဖုန်းနံပါတ် | ၀၂ ၅၁၅၄၇၈၇၊ ၀၂ ၂၈၄၇၈၁၅ |
|
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. |
|
Facebook Page | https://goo.gl/3GBCtO |
Eservices | Topics | |
News | ||