စက်မှုလယ်ယာဦးစီးဌာန
Category: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စက်မှုလယ်ယာဦးစီးဌာန သမိုင်းဖြစ်စဉ်
(၁) | (၁၉၂၁)ခုနှစ်၌ စိုက်ပျိုးရေးဌာနလက်အောက်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဌာနစိတ်စတင်ဖွဲ့စည်း၊ သိပ္ပံထယ်၊ မျိုးစေ့ချကိရိယာ၊ ထွန်ယက်ရေးကိရိယာနှင့်ရေစုပ်ပန့်များ စမ်းသပ်အသုံးပြု |
(၂) | (၁၉၄၉)ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာန လက်အောက်တွင် “ထွန်စက်ယန္တရားတပ် ဆင်ရေးဘုတ်အဖွဲ့” ဖွဲ့စည်းဆောင်ရွက်။ |
(၃) | (၁၉၅၁)ခုနှစ် “ထွန်စက်ယန္တရားတပ်ဆင်ရေးဘုတ်အဖွဲ့”အစား “စိုက်ပျိုးရေးအင်ဂျင်နီယာဌာနစိတ်” အဖြစ် ပြောင်းလဲဖွဲ့စည်းလျက် သံကြိုးပတ် ထွန်စက်များဖြင့် မြေရိုင်းဖော်ထုတ်ခြင်း၊တောင်သူပိုင် လယ်မြေများကို အခကြေးငွေဖြင့် ထွန်ယက်ပေးခြင်းများဆောင်ရွက် |
(၄) | (၁၉၆၂) ခုနှစ် မတ်လ(၂)ရက်တွင် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာန လက်အောက်ရှိ မြေယာ ကျေးလက် ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း(မြေကျေးရှင်)တွင် စက်မှုလယ်ယာစီမံကိန်းဌာနခွဲ ဖွဲ့စည်း ဆောင်ရွက်။ |
(၅) | (၁၉၇၂) မတ်လ (၁၆)ရက်နေ့တွင် တော်လှန်ရေးကော်စီအစိုးရ၏ အမိန့်ကြော်ငြာ အမှတ်(၉၇) အရ စက်မှုလယ်ယာ စီမံကိန်းကို စက်မှုလယ်ယာဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း။ |
(၆) | စက်မှုလယ်ယာစခန်းပေါင်း(၁၁၇)ခု ဖွဲ့စည်း၊တောင်သူလယ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ တွင် တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို သိရှိအောင် ကြိုးပမ်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ပံ့ပိုး ကူညီဆောင်ရွက်ပေးကာ တောင်သူလယ်သမားများက ယုံကြည်အားထားရာ ဌာနတစ်ခုအဖြစ် တည်ဆောက် လျက်ရှိပါသည်။။ |
ဦးစီးဌာန၏ရည်ရွယ်ချက် (Objective )
(၁) | တောင်သူလယ်သမားများ၏လယ်ယာလုပ်ငန်းလိုအပ်ချက်ကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ထွန်ယက်ရေးနှင့်ရိတ်သိမ်းခြွေလှေ့ရေး လုပ်ငန်းများတွင် ဌာနပိုင်စက်ကိရိယာများ ငှားရမ်းပေးသည့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း။ |
လုပ်ငန်းတာဝန် (၇)ရပ်
(၁) | (၁၉၂၁)ခုနှစ်၌ စိုက်ပျိုးရေးဌာနလက်အောက်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဌာနစိတ်စတင်ဖွဲ့စည်း၊ သိပ္ပံထယ်၊ မျိုးစေ့ချကိရိယာ၊ ထွန်ယက်ရေးကိရိယာနှင့်ရေစုပ်ပန့်များ စမ်းသပ်အသုံးပြု |
(၂) | မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများကို တောင်သူလယ်သမားများ တိုးတက် သုံးစွဲနိုင်ရေးအတွက် သင့်လျှော်သော နည်းလမ်းများဖြင့် ဖြန့်ဖြူးပေးခြင်း။ |
(၃) | လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ်ထိန်းသိမ်း အသုံးပြုနိုင်အောင် တောင်သူလယ်သမား များအား လေ့ကျင့်သင်ကြားပေးခြင်း။ |
(၄) | ဆည်ရေသောက်စိုက်ပျိုးမြေများတွင် စက်မှုလယ်ယာစနစ်ကျင့်သုံးနိုင်မည့် စနစ်ကျ လယ်ကွက်များ ပေါ်ထွန်းလာရေးကို ဦးစားပေးပြီး စံနမူနာပြ ဖော်ထုတ်ဆောင်ရွက်ခြင်း။ |
(၅) | ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်ရေးနှင့်စိုက်ပျိုးမြေရှားပါးခက်ခဲသော တောင်ပေါ်ဒေသ ပြည်နယ်များတွင် ဒေသဝမ်းစာဖူလုံရေး အထောက်အကူ ဖြစ်စေရန် လှေကားထစ် လယ်ယာမြေများကို ဖော်ထုတ်ပေးခြင်း။ |
(၆) |
စက်မှုလယ်ယာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးကို စမ်းသပ် သုတေသန ပြုပြီး တောင်သူလယ်သမားများနှင့် ပြည်တွင်းစက်မှုလုပ်ငန်းများသို့ အသိပညာဖြန့်ဝေပေးခြင်း။ |
(၇) |
စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပုဂ္ဂလိကကဏ္ဍမှ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက် လာစေရေး အတွက် စည်းရုံးခြင်းနှင့်ကူညီ ဆောင်ရွက် ပေးခြင်း။။ |
တောင်သူများသို့ ပေးသော ဝန်ဆောင်မှုများ
(၁) | ဌာနပိုင်ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်များဖြင့် အငှားလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။ |
(၂) | ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ အခြားလယ်ယာသုံးစက်ကိရိယာများအား လက်ငင်း၊အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခြင်း။ |
(၃) | တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုနိုင် အောင်သင်တန်းများပေးခြင်း။ |
(၄) | စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ဆောင်ရွက်ပေးခြင်း။ |
(၅) | တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာများ ပြုပြင် ဆောင်ရွက်ပေးခြင်း။ |
ရုံးလိပ်စာ | ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။ |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၉-၂၀၀၀၂၂၁၊ ၀၂-၄၀၇၀၆၇၀ |
ဖက်စ်ဖုန်း | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. |
Facebook Page | |
Website |
|
Eservices | Topics | |
|
|
|
News | ||
|