ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံရေးခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)
Category: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (ARDC) အား ၁၉၇၂ ခုနှစ်၌ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနအောက်ရှိ စက်မှုလယ်ယာ ဦးစီးဌာနတွင် ကျေးရွာရေရရှိရေးဌာနခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၉၅ခု၊ ဧပြီလ(၁)ရက်နေ့တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကျေးရွာရေ ရရှိရေးဌာနခွဲနှင့် ဆည်မြောင်းဦးစီးဌာန၊ ဘူမိဗေဒဌာနခွဲမှ မြေအောက်ရေ ဌာနစိတ်တို့အား ပူးပေါင်း၍ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၁၅-ခုနှစ်၊ မေလ(၁)ရက်နေ့မှ စတင်၍ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနတို့ကို ပူးပေါင်း၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအဖြစ် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။
လုပ်ငန်းတာ၀န်
- | သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် မြစ်ချောင်းများမှ ရေကို ရေစုပ်စက် များဖြင့် စုပ်တင်၍လည်းကောင်း၊ မြေအောက်ရေ အလားအလာ ကောင်းမွန်သော ဒေသများ၌ မြေအောက်ရေ ဖော်ထုတ်သုံးစွဲ၍လည်းကောင်း၊ စိုက်ပျိုးရေ ပေးဝေရန်။ |
- | မြေအောက်ရေစက်ရေတွင်းများနှင့် ပိုက်ရေသွယ်စနစ်များဖြင့် သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေခြင်း၊ ကျေးလက်နေပြည်သူများ၏ လူမှု့စီးပွားရေး အဆင့်အတန်း မြင့်မားလာစေရန်။ |
လုပ်ငန်းစဉ်များ
(၁) | မြစ်ရေတင်လုပ်ငန်းများတွင် စိစစ်ပြီး လယ်/ယာမြေဧကများ အပြည့်အဝ စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးနှင့် တူးမြောင်းစနစ်များအား သေချာအောင် ဆောင်ရွက်သွားပါမည်။ |
(၂) | အပူပိုင်းဇုန်ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေ ထုတ်ဖော်သုံးစွဲသည့် လုပ်ငန်းများမှ စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေး ဆောင်ရွက်သွားပါမည်။ |
(၃) | စိုက်ပျိုးရေနှင့် သောက်သုံးရေ လိုအပ်ချက်အား ထောက်ကူဖြည့်ဆည်းပေးနိုင်ရေးအတွက် မြေအောက်ရေ ဖော်ထုတ်သုံးစွဲခြင်း လုပ်ငန်းများအား သဘာဝ အရင်းအမြစ်ကို ထိခိုက်မှုမရှိစေဘဲ စနစ်တကျ တိုးချဲ့ဆောင်ရွက်သွားပါမည်။ |
(၄) | လျှပ်စစ်ဓါတ်အားရရှိနိုင်မှု အခြေအနေပေါ် မူတည်၍ မူလတည်ဆောက်ပြီး ဒီဇယ်မြစ်ရေတင် လုပ်ငန်းများအား လျှပ်စစ်ရေတင်စနစ်သို့ ပြောင်းလဲ တည်ဆောက်သွားပါမည်။ |
(၅) | မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေဖြင့် တစ်ကွင်းတစ်စပ် ရေပေးဝေသော လုပ်ငန်းများ တွင် ရေသုံးစွဲမှုချွေတာသော နည်းစနစ် (Water Saving Technology) အသုံးပြုနိုင်ရေး လယ်သမားများသို့ ပညာပေးဆောင်ရွက်သွားပါမည်။ |
(၆) | မြစ်ရေတင်လုပ်ငန်းများတွင် ရေစီမံခန့်ခွဲမှုနှင့် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများအား လယ်သမားများကိုယ်တိုင် တာဝန်ယူ စီမံဆောင်ရွက်နိုင်ရေးအတွက် ရေသုံးစွဲသူများအဖွဲ့ ( Water Users Group ) အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်သွားပါမည်။ |
ရုံးလိပ်စာ |
- ဒုတိယညွှန်ကြားရေးမှူးရုံး၊ (၇၃) လမ်း၊ သိပ္ပံလမ်းတောင်ဘက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။ |
|
ဆက်သွယ်ရန် ဖုန်းနံပါတ် | - ၀၂ ၄၀၈၀၃၆၈ |
|
ဖက်စ်ဖုန်း | - ၀၂ ၄၀၈၀၃၆၈ |
|
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it. |
|
website | - |
Eservices | Topics | |
News | ||
|