လူမှုဝန်ထမ်းဦးစီးဌာန
Category: လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
နိဒါန်း
(၁) | လူမှုဝန်ထမ်းဦးစီးဌာနသည် အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်တို့ ကြောင့် လူမှုရေးဒုက္ခနှင့် ကြုံတွေ့နေရသူများအား လူညီစောင့်ရှောက်သည့် လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်သည့် ဌာနတစ်ခုဖြစ်ပါသည်။ လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ လူမှုရေးတာဝန် များကို ဝေမျှထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များအား လူထုအတွင်းမှ မွေးထုတ်ပေးခြင်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ထုတ်ပေးခြင်းနှင့် လူမှုဝန်ထမ်းနည်းလမ်းများအရ ကူညီပေးခြင်းစသော လုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။ |
(၂) | ကလေးသူငယ်နှင့် မိသားစုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အို များ၊မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် လူမှုရေးပြဿနာနှင့် ရင်ဆိုင်နေရသူများကို ကာကွယ်စောင့်ရှောက်ပေး ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြည်သူလူထုအတွင်းမှ စေတနာရှင်အဖွဲ့အစည်းများမှ လူမှုရေးကိစ္စများ ကို ပါဝင်ဆောင်ရွက်ရာတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လာစေရေးအတွက် စည်းရုံးခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်း များသည် လူမှုဝန်ထမ်းဦးစီးဌာန၏ အဓိကတာဝန်ဖြစ်သည်။ |
နောက်ခံသမိုင်း
၁၉၄၇ ခုနှစ်၊ လွတ်လပ်ရေးမရမီကာလတွင် အမျိုးသားယာယီအစိုးရက "အမျိုးသမီးများနှင့် ကလေးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့"ကို တည်ထောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ထိုအဖွဲ့ကို "အမျိုးသမီး များနှင့် ကလေးများစောင့်ရှောက်ရေးဌာန"ဟူ၍ အစိုးရက တိုက်ရိုက်အုပ်ချုပ်သောဌာနအဖြစ် ပြောင်းလဲခဲ့သည်။ ၁-၄-၁၉၅၃ နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် "လူမှုရေးရာ ကြီးပွားရေးဌာန" ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှစ၍ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနအောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် "လူမှုရေးရာကြီးပွားရေးဌာန"အမည်မှ "လူမှုဝန်ထမ်းဌာန" ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံအစိုးရ လက်ထက်တွင် လူမှုဝန်ထမ်းဌာနကို "လူမှုဝန်ထမ်းဦးစီးဌာန"ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ လူမှု ဝန်ထမ်းဦးစီးဌာနသည် ပြည်သူများအား လူမှုရေးဆိုင်ရာအခွင့်အလမ်းများ တန်းတူညီမျှရရှိစေမှုကို အခြေခံသော လူမှုဝန်ထမ်းဆိုင်ရာ မူဝါဒ၊ ရည်ရွယ်ချက်များနှင့်အညီ လုပ်ငန်းတာဝန်များကို ဖော်ဆောင်လျက်ရှိပါသည်။
ရည်ရွယ်ချက်
(၁) | တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေးဟူသည့် အမျိုးသားရေး ဦးတည်ချက်ကို အထောက်အကူဖြစ်စေရန် |
(၂) | လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် |
(၃) | လူမှုရေးချို့တဲ့သူများအား လူမှုဝန်ထမ်းနည်းများဖြင့် အကူအညီပေးရန် |
(၄) | မလိုလားအပ်သော လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင် ကာကွယ်ပေးရန် |
(၅) |
လူမှုရေးတာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း လုပ်သားပြည်သူများ အား စည်းရုံးဖော်ထုတ်ရန် |
(၆) |
လူမှုရေးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် အထောက်အကူဖြစ်စေရန် |
လုပ်ငန်းရပ်များ
(၁) | ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း |
(၂) | ကလေးနှင့်လူငယ်စောင့်ရှောက်ရေးလုပ်ငန်း |
(၃) | အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်း |
(၄) | သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း |
(၅) | မသန်စွမ်းသူများပြန်လည်ထူထောင်ရေးလုပ်ငန်း |
(၆) | မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်း |
(၇) | စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း |
(၈) | လူမှုဂရုဏာစောင့်ရှောက်ရေးလုပ်ငန်း |
(၉) | လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း |
(၁၀) | လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း |
ဝန်ဆောင်မှုများ
(၁) | ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ ဖွဲ့စည်းတည်ထောင်ရန် လျှောက်ထားခြင်း၊ |
(၂) | နေ့ကလေးထိန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်လျှောက်ထားခြင်း၊ |
(၃) | ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (Early Childhood Care and Development ) သင်တန်းဖွင့်လှစ်ခြင်း၊ |
(၄) | အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း၊ |
(၅) | ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်၊ လူငယ်များအား သင်တန်းကျောင်းများ တွင် လက်ခံစောင့်ရှောက်မှုပေးခြင်း၊ |
(၆) | အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာများသင်ကြားပေးခြင်း၊ |
(၇) | သင်တန်းကျောင်းအခြေပြု မသန်စွမ်းသူများအား လက်ခံစောင့်ရှောက်ခြင်း (နားမကြားသော ကလေးများကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း)၊ |
(၈) | မွေးစမှ အသက်(၁၀)နှစ်အထိ ကလေးများကို ကလေးပြုစုရေးဌာနတွင် ပြုစုစောင့်ရှောက်ခြင်း၊ |
(၉) | (၅)နှစ်အောက်ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူလတန်းကြိုကျောင်းများ ဖွင့်လှစ် ခြင်း၊ |
(၁၀) | သုံးမွှာပူး မိခင်နှင့်ကလေး ထောက်ပံ့ကြေးပေးအပ်ခြင်း၊ |
(၁၁) | မူးယစ်ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်၍ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင် ပေးခြင်း၊ |
(၁၂) | လူကုန်ကူးခံရသူများအားယာယီစောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်မှုပေးခြင်း။ |
ရုံးလိပ်စာ |
လမ်း ၃၀ x ၆၃ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ ၆၁၁၅၀ |
|
ဖက်(စ်) | ၀၂ ၇၂၁၀၃ | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | www.dsw.gov.mm |
Eservices | Topics | |
|
|
|
News | ||
|