အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန
Category: အလုပ်သမားဝန်ကြီးဌာန
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏နောက်ခံသမိုင်းကြောင်း
မြန်မာနိုင်ငံတွင် အလုပ်ရှင်၊ အလုပ်သမား၊ ဝါဏိဇ္ဇပဋိပက္ခမှုများ ပေါ်ပေါက်ပါက ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် ဝါဏိဇ္ဇပဋိပက္ခမှုအက်ဥပဒေကို ၁၉၂၉ခုနှစ်၊ မေလ (၈) ရက်နေ့တွင် စတင် ပြဋ္ဌာန်းခဲ့ပါသည်။ The Trade Disputes Act,1929 အရ ဥပဒေနှင့်အညီ လူမှုရေး၊ တရားမျှတစွာ ဝါဏိဇ္ဇပဋိပက္ခမှုများကို ဖြေရှင်းပေးနိုင်ရန် စုံစမ်းစစ်ဆေးရေးခုံရုံး၊ဖျန်ဖြေရေးဘုတ်အဖွဲ့၊ စက်မှုလက်မှု ခုံရုံးတို့ဖြင့် ဆောင်ရွက်ခဲ့ရာမှ ဝါဏိဇ္ဇပဋိပက္ခမှုကော်မတီ၊ ပြည်နယ်/တိုင်း ဝါဏိဇ္ဇပဋိပက္ခမှုအယူခံ ကော်မတီ၊ ဗဟိုဝါဏိဇ္ဇ ပဋိပက္ခမှုကော်မတီတို့ဖြင့် ပြင်ဆင်ပြောင်းလဲဆောင်ရွက်ခဲ့ကြပါသည်။ (၁၂-၃-၂၀၁၂)ရက်နေ့မှစ၍ ဗဟိုဝါဏိဇ္ဇပဋိပက္ခမှု ကော်မတီရုံးမှ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)ကို ၁၄-၃-၂၀၁၂ ရက်နေ့တွင် ၃၅လမ်းနှင့် လမ်း၉၀ထောင့် အကွက်အမှတ်(၃၀၂)၊ပြည်ကြီးပျော်ဘွယ် အနောက် ရပ်ကွက်၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး) အဆောက်အဦးတွင် ပူးတွဲလျှက် ရုံးစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ဌာနပိုင်ရုံး အဆောက်အဦးကို (၁၄-၇-၂၀၁၄)ရက်နေ့မှစ၍ ၆၅လမ်းနှင့်အေးမေတ္တာလမ်းထောင့် (ဆ) ရပ်ကွက်၊ အကွက်အမှတ် (ဒဒ-၁)ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့တွင် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။
ရည်ရွယ်ချက်
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနသည် အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများအား တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွား ရန်ဖြစ်ပါသည်။
ဆောင်ပုဒ်
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ ဆောင်ပုဒ်မှာ “လူမှုတရားမျှတရေး၊ ညှိနှိုင်းဖျန် ဖြေ ဆုံးဖြတ်ပေး”ဖြစ်ပါသည်။
အဓိကလုပ်ငန်းတာဝန်များ
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၏ အဓိကလုပ်ငန်းတာဝန်များမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၂၈)မြို့နယ်မှ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို မြိုနယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ ညှိနှိုင်းဖြေရှင်း ရာတွင် ပြေငြိမ်းမှုမရရှိသည့် အငြင်းပွားမှုများအား မန္တလေးတိုင်းဒေသကြီး၊ ခုံသမာဓိအဖွဲ့မှ ကြားနားစစ်ဆေးဆုံးဖြတ်ရာတွင် ခုံသမာဓိအဖွဲ့၏ အထောက်အကူပြုရုံးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဖြစ်ပါသည်။
ရုံးလိပ်စာ |
၆၅လမ်းနှင့်အေးမေတ္တာလမ်းထောင့် (ဆ)ရပ်ကွက်၊အကွက်အမှတ်(ဒဒ-၁) ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေးမြို့။ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ ၅၁၅၂၄၂၃ |
|
ဖက်(စ်)ဖုန်း | ||
အီးမေးလ်လိပ်စာ | ||
website လိပ်စာ | www.mol.gov.mm |
Eservices | Topics | |
News | ||