အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန
Category: အလုပ်သမား၊ လူ၀င်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန
ဦးစီးဌာန၏ရည်ရွယ်ချက်
(၁) | အစိုးရ၊အလုပ်ရှင်၊အလုပ်သမားသုံးပွင့်ဆိုင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့်တည်ငြိမ်အေးဆေးသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရန်။ |
(၂) | အလုပ်သမားများ ဥပဒေပါရပိုင်ခွင့်များကို မှန်မှန်နှင့်အပြည့်အဝ ရရှိခံစားစေရန်။ |
(၃) | လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့်လုပ်ငန်းခွင်ရောဂါရရှိခံစားရမှုလျော့နည်းကျဆင်းစေရန်။ |
(၄) | အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရန်။ |
ဦးစီးဌာန၏လုပ်ငန်းတာဝန်များ
(၁) | အလုပ်ချိန်၊ နားချိန်၊ အချိန်ပိုနာရီ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အပတ်စဉ်နားရက်၊ လုပ်ခလစာ၊ အချိန်ပိုလုပ်ခအစရှိသည့် ဥပဒေပါအကျိုးခံစားခွင့်များအပြည့်အဝရရှိစေရန်စစ်ဆေးစည်းကြပ် ခြင်း။ |
(၂) | ဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်သည့်လုပ်ငန်းခွင်အခြေအနေများတိုင်းတာအကဲဖြတ်၍ ညွှန်ကြားခြင်း၊ အကြံပေးခြင်း။ |
(၃) | ညွှန်ကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို ပြန်လည်စစ်ဆေးခြင်း။ |
(၄) | တာဝန်ယူဆောင်ရွက်လျှက်ရှိသော ဥပဒေများနှင့်အကျုံးဝင်သက်ဆိုင်သည့် တိုင်ကြားချက်များ လက်ခံရရှိပါက စစ်ဆေးအရေးယူဆောင်ရွက်ခြင်း။ |
(၅) | လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါရရှိမှုတို့ကို စုံစမ်းစစ်ဆေး၍ နောင်အလားတူ ထပ်မံမဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခြင်း။ |
(၆) | စက်ရုံ ၊အလုပ်ရုံများမှ အချိန်ပို လုပ်ကိုင်ခွင့် တောင်းခံခြင်းများကို တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုခြင်း။ |
(၇) | ခွင့်ပြုအချိန်ပိုအမိန့်နှင့်အညီ လုပ်ကိုင်ခြင်း ရှိ၊မရှိ အခါအားလျှော်စွာနှင့်ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း။ |
(၈) | အလုပ်သမားရေးရာ ဥပဒေများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေး အတွက် အသိပညာပေးဆွေးနွေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း။ |
(၉) | အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကွန်ယက်အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း။ |
(၁၀) | လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်း၍ လိုအပ်သည့် နည်းပညာအကူအညီပေးခြင်း။ |
(၁၁) | ကလေးအလုပ်သမားစာရင်း ကောက်ယူခြင်းနှင့် ကလေးအလုပ်သမားများအား စောင့်ကြည့် လေ့လာခြင်း။ |
(၁၂) | အန္တရာယ်ရှိသော လုပ်ငန်းနှင့် လုပ်ငန်းခွင်များတွင် အသက်(၁၈)နှစ်မပြည့်သေးသော ကလေးအလုပ်သမား ခိုင်းစေမှုများ မရှိစေရန်/သင့်လျော်သော နည်းလမ်းဖြင့်ဆောင်ရွက်ရန် အကြံပြု ညွှန်ကြားခြင်း။ |
(၁၃) | မေးမြန်းလာသည့် ဥပဒေရေးရာ ကိစ္စရပ်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဖြေကြားခြင်း။ |
(၁၄) | တာဝန်ယူဆောင်ရွက်ရသည့် ဥပဒေပါပြဌာန်းချက်များကို ချိုးဖောက်ပါက တရားစွဲဆိုခြင်းနှင့် လိုအပ်ပါက ကော်လိတ္တော်အရာရှိ၊ အခွန်အရာရှိအဖြစ် ဆောင်ရွက်ခြင်း။ |
(၁၅) | ဥပဒေသစ်ရေးဆွဲပြဌာန်းပြီး ဥပဒေများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊နည်းဥပဒေများရေးဆွဲရာတွင် အကြံပြုဆွေးနွေးခြင်း။ |
ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်လျှက်ရှိသည့် ဥပဒေများ
(၁) | ၁၉၅၁ခုနှစ် အလုပ်ရုံများအက်ဥပဒေ။ |
(၂) | ၁၉၅၁ခုနှစ် ရေနံမြေ(အလုပ်သမားနှင့်သက်သာချောင်ချိရေး) အက်ဥပဒေ။ |
(၃) | ၁၉၅၁ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များအက်ဥပဒေ။ |
(၄) | ၂၀၁၆ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ။ |
(၅) | ၂၀၁၆ခုနှစ် အခကြေးငွေပေးချေရေးဥပဒေ။ |
ဆောင်ပုဒ်
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ ဆောင်ပုဒ်မှာ “လူမှု တရားမျှတရေး၊ ညှိနှိုင်းဖျန် ဖြေ ဆုံးဖြတ်ပေး”ဖြစ်ပါသည်။
အ ဓိကလုပ်ငန်းတာဝန်များ
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)၊ မန္တလေးတို င်းဒေသကြီး၊ မန္တလေးမြို့၏ အဓိကလုပ်ငန်းတာဝန်များမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၂၈)မြို့နယ်မှ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု များကို မြိုနယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ ညှိနှိုင်းဖြေရှင်း ရာတွင် ပြေငြိမ်းမှုမရရှိသည့် အငြင်းပွားမှုများအား မန္တလေးတိုင်းဒေသကြီး၊ ခုံသမာဓိအဖွဲ့မှ ကြားနားစစ်ဆေးဆုံးဖြတ်ရာတွင် ခုံသမာဓိအဖွဲ့၏ အထောက်အကူပြုရုံးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဖြစ်ပါသည်။
ရုံးလိပ်စာ |
အမှတ်(၉၀၃)၊၇၈-လမ်း၊ သီတာအေးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ်< /span> |
၀၂ ၆၃၁၁၇ |
|
ဖက်(စ်)ဖုန်း | ||
အီးမေးလ်လိပ်စာ | mdyFgllid@gmail. com | |
website လိပ်စာ |
Eservices | Topics | |
News | ||