သူနာပြုတက္ကသိုလ်
Category: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ရည်မှန်းချက်
ပြည်သူလူထုအား အရည်အသွေးပြည့်မီသော သူနာပြုစောင့်ရှောက်မှုကို သူနာပြုစုမှု ကျင့်ဝတ် နှင့်အညီဆောင်ရွက်ပေးနိုင်မည့် အရည်အချင်းပြည့်၀ပြီး စွမ်းဆောင်နိုင်စွမ်းရှိသည့် သူနာပြုများအား မွေးထုတ်ပေးရန်။
ရည်ရွယ်ချက်
(၁) | ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ခြင်း၊ ကုသခြင်းနှင့် ပြန်လည် ထူထောင်ခြင်း စသော ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးရာတွင် သူနာပြုစုမှုကျင့်ဝတ်နှင့်အညီ ကျွမ်းကျင်စိတ်ချသေချာစွာ ဆောင်ရွက်ပေးနိုင်သော အရည်အသွေး ပြည့်၀သည့်အထိ လေ့ကျင့်ပျိုးထောင်ပေးရန်။ |
(၂) | ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာမှုတို့ကို ဆောင်ရွက်ရာ၌ ပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းဆိုင်ရာတို့ကို ပြုစုစောင့်ရှောက်ဖြည့်ဆည်းပေးနိုင်သော လူသားချင်း စာနာတတ်သည့် စိတ်သဘောထားကို ပြုစုပျိုးထောင်ပေးရန်။ |
(၃) | နိုင်ငံတော်၏ပြောင်းလဲနေသော ကျန်းမာရေးကဏ္ဍလိုအပ်ချက်များနှင့်အညီ ပါဝင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သူနာပြုများ၏ ကိုယ့်အားကိုယ်ကိုး စဉ်ဆက်မပြတ် လေ့လာ သင်ယူမှုစွမ်းရည်များ တိုးတက်စေရန်။ |
(၄) | စဉ်ဆက်မပြတ် ပညာရေးအစီအစဉ်များနှင့် သုတေသနလုပ်ငန်းများကို အစိုးရမဟုတ်သော ပညာရေးအဖွဲ့အစည်းများ၊ သက်မွေးဝမ်းကျောင်းအဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဦးဆောင်ပါဝင်နိုင်စွမ်းရှိသော အရည်အသွေးပြည့်မီသည့် သူနာပြုသက်မွေးဝမ်းကျောင်း ပညာရှင်များ တိုးတက်ဖွံ့ဖြိုးလာစေရန်။ |
မျှော်မှန်းချက်
မြန်မာတစ်မျိုးသားလုံးအား အရည်အသွေးမြင့်မားသော သူနာပြုစုစောင့်ရှောက်မှုပေးနိုင် ရန်အတွက် အရည်အချင်းပြည့်မီသော ဘွဲ့ရသူနာပြုများ မွေးထုတ်ခြင်းနှင့်သုတေသန လုပ်ငန်းဆောင်ရွက်ခြင်းတို့တွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်အဖြစ် ဦးဆောင်နိုင်ရန်။
လုပ်ငန်းတာဝန်
သူနာပြုတက္ကသိုလ်-မန္တလေး၏ မျှော်မှန်းချက် (Vision) ကို ပြည့်ဝစေရန်
(၁) | စဉ်ဆက်မပြတ် သူနာပြုပညာရေးလုပ်ငန်းများ။ |
(၂) | ဘက်ပေါင်းစုံမှ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု။ |
(၃) | နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်သော သုတေသနလုပ်ငန်း များကို နိုင်ငံတော်၏ လက်ရှိကျန်းမာရေးကဏ္ဍ လိုအပ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း။ |
ရုံးလိပ်စာ | (ဏ-၁၀)၊ ၆၂လမ်းနှင့် ၆၃လမ်းကြား၊ စံပယ်လမ်းနှင့် သရဖီလမ်း ကြား၊ မြို့သစ်အမှတ် (၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂-၈၁၂၇၅၊ ၀၂-၈၀၃၅၇၊ ၀၂-၈၀၄၀၄၊ ၀၂-၈၀၄၀၅၊ ၀၂-၈၀၄၀၆ | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | www.uonmdy.edu.mm | |
Social Link |
Eservices | Topics | |
|
||
News | ||