ကုန်သွယ်ရေးဦးစီးဌာန

Category: စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

 

ဦးစီးဌာန၏မျှော်မှန်းချက်

နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာစေရန်။

 

ဦးစီးဌာန၏ရည်မှန်းချက်

(၁)

စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်ရေးမူဝါဒများကို စနစ်တကျရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ရန်။

(၂)

ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအတွက် ပြည်တွင်းမှ ထုတ်လုပ်သော ထုတ်ကုန်အမျိုးမျိုး တိုးမြှင့် တင်ပို့ရန်။

(၃)

ပင်လယ်ရေကြောင်းကုန်သွယ်မှုသာမက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်။

(၄)

ပို့ကုန်သွင်းကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီရန်။

 

 ဦးစီးဌာန၏ ရည်ရွယ်ချက်

(၁)

စီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံသားများအားလုံး လွယ်ကူစွာကုန်သွယ်မှုဆောင်ရွက် နိုင်ရန်။

(၂)

တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်ရောက်ရှိပြီး ကုန်သွယ်မှုပမာဏတိုးမြှင့် လာစေရန်။

(၃)

စားသုံးသူအား ဥပဒေအရအကာအကွယ်ပေးခြင်း၊ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းတို့ ပါဝင်သော စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်း အစီအမံပေါ်ပေါက်လာစေရန်။

(၄)

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ တိုးတက်ရရှိစေရန်။

(၅)

ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့စေရန်။

 

အဓိကဆောင်ရွက်လျက်ရှိသောမဏ္ဍိုင်ကြီး(၄)ရပ်

(၁) ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး (Trade Facilitation)
(၂) ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေး (Trade Negotiation)
(၃) ကုန်သွယ်မှုဖြေလျှော့ဆောင်ရွက်ရေး (Trade Liberalization)
(၄) ကုန်သွယ်မှုပညာပေးရေး (Trade Education)

 

ပို့ကုန်အခြေခံမူ

မြန်မာနိုင်ငံ၏ ပို့ကုန်ဆိုင်ရာအခြေခံမူသည် မိမိ၏ သဘာဝသယံဇာတနှင့် လူ့အရင်းအမြစ်ကို အကျိုးရှိ စွာ အသုံးချလျက် ပြင်ပဈေးကွက်သို့ တိုးချဲ့ထိုးဖောက်ဝင်ရောက်ရန်နှင့် သမားရိုးကျ ပို့ကုန်ပစ္စည်းများ အပြင် တန်ဖိုးမြှင့်ကုန်ချောပစ္စည်းများကို တိုးချဲ့တင်ပို့နိုင်ရေး ကြိုးပမ်းရန်ဖြစ်ပါသည်။

 

သွင်းကုန်အခြေခံမူ

မြန်မာနိုင်ငံ၏ သွင်းကုန်ဆိုင်ရာအခြေခံမူသည် နိုင်ငံတော်အတွက် အဓိကလိုအပ်သော ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ၊ အခြားအရေးကြီးကုန်ပစ္စည်းများနှင့် ပြည်သူ့ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေး အထောက်အကူပြုကုန်ပစ္စည်းများကို ဦးစားပေးတင်သွင်းရန် နှင့် ပြည်ပသွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများကို အားပေးရန် ဖြစ်ပါသည်။

     
  ရုံးလိပ်စာ ၃၅ လမ်း၊ ၆၃ x ၆၄ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂- ၄၀၃၉၂၇၅၊ ၀၂-၄၀၃၉၁၃၉

  အီးမေးလ်လိပ်စာ

This email address is being protected from spambots. You need JavaScript enabled to view it.

  Website
  Facebook page

 

 

Eservices   Topics
   
News