သမဝါယမဦးစီးဌာန

 

Category: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

သမဝါယမဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ

အသင်းဖွဲ့စည်းရန် စည်းရုံးခြင်း၊ အသင်းဖွဲ့စည်းရေးဆောင်ရွက်ခြင်း၊ သမဝါယမပညာပြန့်ပွား အောင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏ မူဝါဒများ၊ သမဝါယမအခြေခံမူများ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ ထိမ်းကြောင်းတည့်မတ် ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

 

သမဝါယမဦးစီးဌာနသမိုင်း

ကိုလိုနီခေတ် ၁၉၀၄ ခုနှစ်တွင် မေမြို့( ပြင်ဦးလွင် )၌ သမဝါယမမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြောင်းလဲလာသော ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု ရှိစေရန် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ယခုအခါ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအဖြစ် ဆက်လက်တည်တံ့ဆောင်ရွက်လျက်ရှိပါသည်။

 

မူဝါဒ

(၁) သမဝါယမအတွေးအခေါ်၊ ကျင့်ဝတ်နှင့် အခြေခံမူများကို လိုက်နာဆောင်ရွက်ရန်။
(၂) တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမလုပ်ငန်းများဖြင့် တစ်ဖက် တစ်လမ်းမှ အမှန်တကယ်အထောက်အကူပြုဆောင်ရွက်ပေးရန်။
(၃) အရည်အသွေးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်နှင့် ပြည်ပပို့ကုန် တိုးမြှင့် နိုင်ရေး အတွက် နည်းပညာနှင့် အထောက်အပံ့များ အားပေးဆောင်ရွက်ရန်။
(၄) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သမဝါယမနည်းလမ်းများအရ တစ်တပ် တအား ပါဝင်ကြိုးပမ်းဆောင်ရွက်ရန်။
(၅) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေရေးအတွက် သမဝါယမလုပ်ငန်းများအား စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်။

 

ရည်မှန်းချက်

(၁) ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် လာစေရန်။
(၂) ခေတ်မီနည်းပညာများနှင့် အတတ်ပညာတတ်မြောက် အသုံးပြုနိုင်သည့် သမဝါယမ အသင်းများ၊ အသင်းသားများဖြစ်စေရေး အားပေးဆောင်ရွက်ရန်။
(၃) သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) အဆင့် ရောက်ရှိစေရန်။

 

 

လုပ်ငန်းစဉ်

(၁) အခြေခံသမဝါယမအသင်းများဖွဲ့စည်းပြီး ပြည်သူများလိုအပ်နေသော အရင်းအနှီး ရရှိစေရေး အတွက် အသေးစားအရင်းအနှီးချေးငွေ Micro Capital Loan လုပ်ငန်း ဆောင်ရွက်ပေးရန်။
(၂) အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီး ငွေကြေး ရရှိအောင် နိုင်ငံတကာမှ Aid, Grant နှင့် Loan များ ရရှိအောင်ဆောင်ရွက်ရန်။
(၃) လူမှုစီးပွားဘဝမြင့်မားစေရေးအတွက် အထောက်အကူပြုရန်နှင့် တိုင်းပြည်စီးပွားရေးကို ထိရောက်စွာအထောက်အကူပြုနိုင်ရန်အတွက် သမဝါယမအသင်းများကို ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ထိထိရောက်ရောက်ဆောင်ရွက်နိုင်သော သမဝါယမ အသင်းများအဖြစ် အဆင့်မြှင့်တင်ရန်။

 

ဦးစီးဌာနတွင် ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ( Action Plan )

အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း။

အသေးစား အရင်းအနှီးချေးငွေ လုပ်ငန်းခွဲ အနေဖြင့် EXIM Bank ချေးငွေ ဒေါ်လာသန်း (၄၀၀) ချေးယူ၍ အသင်းသားတောင်သူများအား အသေးစားချေးငွေအနေဖြင့် (၆)လတစ်ကြိမ် ထုတ်ချေး လျှက်ရှိရာ ပထမ အကြိမ် ဒေါ်လာသန်း (၁၀၀)အပေါ်တွင် အသင်းသား တောင်သူများအား တစ်ကြိမ်ထုတ်ချေးတိုင်း ထုတ်ချေးငွေ၏ ၁၀% စုဆောင်းငွေအဖြစ် စုဆောင်းစေခဲ့ရာ ယခုအခါတွင် ချေးငွေ၏ ၅၀% စုဆောင်းပြီး ဖြစ်သဖြင့် ဆက်လက်စုဆောင်းငွေ မစုဆောင်းတော့ဘဲ ဒုတိယအကြိမ် ဒေါ်လာသန်း(၃၀၀) အပေါ်တွင် ထုတ်ချေးသောချေးငွေများအပေါ်တွင်သာ စုဆောင်းငွေ ၁၀% ဆက်လက် ကောက်ခံသွားမည်ဖြစ်ပြီး  ၅၀% စုဆောင်းငွေ ပြည့်မီသွားပါက ဆက်လက်မစုဆောင်း တော့ဘဲ ပံ့ပိုးသွားမည်းဖြစ်ပါသည်။

လယ်ယာသုံး၊ လုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံးစက်ပစ္စည်းများ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးခြင်းလုပ်ငန်း။

လယ်ယာသုံး၊ လုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံး စက်ပစ္စည်းများ အရစ်ကျငွေချေစနစ်ဖြင့် အသင်းသားတောင်သူများသို့ ရောင်းချပေး လျက်ရှိရာ Daedong ကုမ္ပဏီမှ ထွန်စက် မြင်းကောင်းရေ (၅၀) ( ၆၀ ) ( ၇၆ )စသည့် လယ်ယာသုံးပစ္စည်းများအား လက်ငင်း ၅% ငွေချေစနစ်ဖြင့် (၆)လတစ်ကြိမ် အရင်း+အတိုး ငွေများအား (၆)နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ပေးချေစေပါသည်။ ပြင်ပကုမ္ပဏီများ၏ စက်ကိရိယာများအား တောင်သူများစိတ်ကြိုက်ပစ္စည်းများအား ပစ္စည်းတန်ဖိုး၏ ၅%ကို ပေးချေစေလျက် (၁)နှစ်မှ (၆)နှစ်အတွင်း အရင်း+အတိုးကို ပေးချေစေပါသည်။ စက်ကိရိယာများ၏ ဆက်စပ်ပစ္စည်းများအား ပစ္စည်းများ၏၂၀%ကို ပေးချေစေလျက် (၆)လအတွင်း အတိုးမပါ အရင်းအား ပေးချေစေခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။

 

ဒုတိယကာလတို (၅)နှစ် လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းများအပေါ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် သမဝါယမလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်အား ပူးတွဲပါအတိုင်း ဆောင်ရွက်လျက် ရှိပါသည်။

သမဝါယမအသင်းများအဆင့်မြှင့်တင်ရန် ။

သမဝါယမ အသင်းများကို ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင် လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်မည့် အသင်းများဖြစ်လာအောင် ဆက်လက်အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

အသက်မွေးဝမ်းကျောင်းပညာများကို တိုးမြှင့်သင်ကြားခြင်း။

သမဝါယမစီးပွားရေး ပညာရပ် နှင့် အသက်မွေးဝမ်းကျောင်းပညာများ တိုးမြှင့်သင်ကြားပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်နိုင်အောင် သမဝါယမအသင်းဝင်စေပြီး ဝိုင်းကြီးချုပ်ဖြင့် အရစ်ကျငွေချေစနစ် ( Hire Purchase )ဖြင့် လုပ်ငန်းသုံး စက်ကိရိယာများ မတည်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အခြားဆက်စပ်သော ( Component )များတည်ဆောက်ခြင်း။

လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး (သို့မဟုတ်) သမဝါယမလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် မပါမဖြစ် ဆက်စပ်ဆောင်ရွက်ရမည့် ပညာပေးခြင်းနှင့် စိတ်ဓါတ်ပြုပြင်ခြင်း၊ သတင်းမီဒီယာကဏ္ဍတည်ဆောက်ခြင်း၊ သင်တန်းများပေးခြင်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထိန်းကျောင်းခြင်း၊ စာရင်းစစ်ဆေးခြင်း၊ သုတေသနပြုပြင်ခြင်း တို့ကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်သွားရန်။

 

 

     
  ရုံးလိပ်စာ

မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လမ်း ၃၀ ၊ ၆၈ x ၇၀ကြား၊ စုပေါင်းရုံးကြီးဝင်း၊ မန္တလေး

  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂-၄၀၆၉၂၅၃
   အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
   Website www.myancoop.gov.mm

  

Eservices   Topics
 
News  
No tagged items found