Types: Topics
Categories: လျှပ်စစ်နှင့် စွမ်းအင်
agencies: မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

စက်မှုသုံးပါဝါမီတာ တပ်ဆင်သုံးစွဲခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် နေ့ချင်းပြီးတပ်ဆင်ပေးပါမည်။                

(၁) စည်ပင်လုပ်ငန်းလိုင်စင်ပါရှိရမည်။
(၂) သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုမိန့် ပါရှိရမည်။
(၃) ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ဝန်အားနိုင်နင်းရမည်။
(၄) 3 4 Wire ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်းရှိရမည်။

 

စက်မှုသုံးပါဝါမီတာအတွက် ပေးသွင်းရမည့် နှုန်းထားများ

စဉ် မီတာအမျိုးအစား
သတ်မှတ်ကြေး(ကျပ်) အာမခံစပေါ်ငွေ(ကျပ်) ကြိုးသွယ်ခ/ဆက်ခ(ကျပ်) မှတ်ပုံတင်ကြေး(ကျပ်) Composit Box(ကျပ်) စုစုပေါင်း(ကျပ်)

၁၀ ကီလိုဝပ် ၈၀၀,၀၀၀ ၈၂,၅၀၀ ၈,၀၀၀ ၂၀,၀၀၀ ၃၄,၀၀၀ ၉၄၄,၅၀၀

၂၀ ကီလိုဝပ် ၁၀၀,၀၀၀၀ ၁၅၇,၅၀၀ ၈,၀၀၀ ၂၀,၀၀၀ ၃၄,၀၀၀ ၁,၂၁၉,၅၀၀

၃၀ ကီလိုဝပ် ၁၂၀,၀၀၀၀ ၂၃၂,၅၀၀ ၈,၀၀၀ ၂၀,၀၀၀ ၃၄,၀၀၀ ၁,၄၉၄,၅၀၀၀

 မှတ်ချက်။

(က) အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာ အရွယ်အစား (ကီလိုဝပ်) အလိုက် ပေးသွင်းရမည့်ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝိုင်ယာသွယ်တန်း တပ်ဆင်ခ၏ ၁၅ ရာခိုင်နှုန်းပေးသွင်းရမည် ဖြစ်ပါသည်။
(၂) စက်မှုသုံးပါဝါမီတာအတွက် စည်ပင်လုပ်ငန်းလိုင်စင် ရှိရမည့်အပြင်သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုမိန့်ပါရှိရမည်ဖြစ်ပါသည်။

 စက်မှုသုံးနှုန်းထား

(အသေးစားစက်မှု၊ စက်မှုလက်မှုသုံး၊ တစ်လုံးတစ်ခဲတည်း၊ စီးပွားရေးလုပ်ငန်းသုံး၊ ယာယီသုံး)              

၁ ယူနစ်မှ ၅၀၀ ယူနစ်အထိ ၇၅ ကျပ်
၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
၁၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်
၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ ယူနစ်အထိ ၁၅၀ ကျပ်
၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်
၃၀၀၀၀၁ ယူနစ်နှင့် အထက် ၁၀၀ ကျပ်

 

Click Here

 

လျှောက်လွှာဖောင် download ရယူပါ၊

 ဦးစီးဌာန: မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း