ပဉ္စမအကြိမ်မြောက် အစည်းအဝေး

မေလ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီ ပဉ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို မေလ ၂၂ ရက်၊ ၂၀၁၇ နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  E-Government  စနစ်အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

  • ဦးဝင်းမင်းထွန်းမှ e-Mandalay Web Portal ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြခဲ့ပါသည်။
  • ဦးအောင်ကျော်စိုးမှ e-Government Committee ၏ Role and Responsibilites များနှင့် Project Management System ကို တင်ပြခဲ့ပါသည်။
  • ဦးဉက္ကာကျော်မှ e-Government နှင့် ပတ်သက်၍ သင်တန်းရေးရာအကြောင်း ဆွေးနွေးခဲ့ပါသည်။

 (မန္တလေးတိုင်းဒေသကြီးe-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီ)