တတိယအကြိမ် အစည်းအဝေး

 စက်တင်ဘာလ ၃၀ ရက်၊ ၂၀၁၆

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၃၀ ရက်၊ ၂၀၁၆ နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင်

  • ဦးအောင်ကျော်စိုးမှ Mandalay E-Government Master Plan မူကြမ်းကို တင်ပြခဲ့ပါသည်။
  • ဦးဝင်းမင်းထွန်းမှ e-Mandalay Web Portal ၏ ဖွဲ့စည်းပုံနှင့် စတင်ဆောင်ရွက်နေကြောင်း တင်ပြ၍ web portal မူကြမ်းကို ပြသခဲ့ပါသည်။
  • ဒေါ်ဝင်းပပထွန်းမှ ဌာနဆိုင်ရာများမှ Data အချက်အလလက် ကောက်ယူရရှိမှုများကို တင်ပြခဲ့ပါသည်။

 

 

(မန္တလေးတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးကော်မတီ)