အနုပညာဦးစီးဌာန

Category: သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန


အနုပညာအထက်တန်းကျောင်း(မန္တလေး)၏ လုပ်ငန်းဆောင်ရွက်ချက်များ

သင်တန်းအား (၃)နှစ် သင်တန်းတက်ရောက်သင်ကြားရပါသည်။ သင်တန်းများကို နှစ်စဉ် မတ်လ(၁၅)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့ထိ လျှောက်လွှာများကို သတင်းစာများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးများသို့ ပေးပို့ကာ ခေါ်ယူလျက်ရှိပါသည်။

တက်ရောက်သင်ကြားလိုသော ကျောင်းသားကျောင်းသူများသည် မိမိတို့ သင်ကြားလိုသော ပညာရပ်များအား အထူးပြုလျှောက်ထားနိုင်ကြပါသည်။ လျှောက်ထားရာတွင် အတန်းပညာ အနေဖြင့် သတ္တမတန်း အောင်မြင်ပြီးသော ကျောင်းသားများကို စတင်ခေါ်ယူပါသည်။ (၃)နှစ်တာ ကာလအတွင်း အနုပညာဘာသာရပ်အပြင် စာပေပညာရပ်များကိုပါ ပူးတွဲသင်ကြားပို့ချပေးပါသည်။

နိုင်ငံအကျိုးပြုပြပွဲများ၊ ဖျော်ဖြေတင်ဆက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ အများပြည်သူများအား အနုပညာဖြင့် ယဉ်ကျေးမှု အမွေအနှစ်တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခြငး၊ ခေတ်နှင့် လျော်ညီသော အနုပညာရပ်များ များပြားထွန်းကားလာအောင် ပန်းချီပန်းပုပြပွဲများ အဖြစ်သော်လည်းကောင်း၊ ဖျော်ဖြေတင်ဆက်မှုများ အဖြစ်သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

(၃)နှစ်တာကာလ ပညာသင်ယူ တတ်မြောက်ပြီးသော ကျောင်းသားကျောင်းသူများ၏ ကျောင်းဆင်းသင်တန်းဆင်းပွဲကို နှစ်စဉ်မတ်လတွင် စုပေါင်းတင်ဆက်ပြသပါသည်။

၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှစ၍ နွေရာသီ ပန်းချီဘာသာရပ်(၁)လ သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် နွေရာသီအက အခြေခံသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

 

နွေရာသီပန်တျာသင်တန်းသားနှင့် ပန်းချီသင်တန်းသားခေါ်ယူခြင်း

၁။ သင်တန်းဖွင့်မည့်နေရာ အနုပညာအထက်တန်းကျောင်း၊ မန္တလေးမြို့
၂။ အသက် အသက်(၅)နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
၃။ သင်တန်းသားခေါ်ယူခြင်း ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၅)ရက်နေ့အထိ
၄။ သင်တန်းစတင်ဖွင့်မည့်နေ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်
၅။ သင်တန်းကာလ ရက်သတ္တပတ် (၄)ပတ်
၆။ တက်ရောက်လိုသောသင်တန်း

(က)ပန်တျာ (အဆို/အက)

(ခ) ပန်းချီ 

(အခြေခံအဆင့်သင်တန်းတက်ရောက်ပြီးသူများ တန်းမြင့်သင်တန်းသို့ တက်ရောက်နိုင်ပါသည်။)

(တန်းမြင့်သင်တန်းပြီးဆုံးပါက နွေရာသီသင်ရိုးကုန် သင်တန်းသို့ တက်ရောက်နိုင်ပါသည်။)

၇။ သင်တန်းအချိန် နံနက်(၀၉:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ
၈။ သင်တန်းကြေး ကျပ် ၁၅၀၀၀/-
၉။ လျှောက်လွှာ သင်တန်းတက်ရောက်လိုသူများသည် သင်တန်းလျှောက်လွှာပုံစံများကို အောက်ပါကျောင်းလိပ်စာတွင် ရယူလျှောက်ထားနိုင်ပါသည်။
     
  ရုံးလိပ်စာ ၆၆ လမ်း၊ ၂၀ × ၂၁ လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၄၀၆၁၁၆၉၊ ၀၂ ၄၀၆၁၁၇၀
   အီးမေးလ်လိပ်စာ
     

 

Eservices   Topics
     
News