h10cover

မြန်မာ့မီးရထား(အထက်မြန်မာပြည်အုပ်ချုပ်ရေးဌာန)

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

     

 ရည်မှန်းချက်

မြန်မာ့မီးရထား၏ အဓိကလုပ်ငန်းတာ၀န်မှာ ခရီးသည်နှင့် ကုန်စည် များကို လုံခြုံချောမွေ့စွာဖြင့် သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရန်ပင်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် လူ၊ ပစ္စည်းနှင့် ငွေကြေးစသော သယံဇာတ များကို မလေမလွင့် အကျိုးရှိစွာ အထိရောက်ဆုံးသုံးစွဲရေး၊ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင် ရသော အခြေအနေတွင် စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်ကာ ခရီးသည်နှင့်ကုန်စည်ကို လုံလောက် စွာနှင့် ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်သော အဖွဲ့အစည်း ဖြစ်လာစေရေးတို့အတွက် အောက်ဖော်ပြပါအတိုင်း ရည်မှန်းချက်(၁၁)ချက်ချမှတ်၍ အကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

(၁) ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့ အဆင်ပြေရေး။
(၂) မတော်တဆမှုများ လျော့နည်းပပျောက်ရေး။
(၃) ရထားအချိန်မှန်ကန်ရေး။
(၄) ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာရေး။
(၅) ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်းရေး။
(၆) လက်ဝယ်ရှိလူ၊ ပစ္စည်း၊ စံနစ်များကို အထိရောက်ဆုံးဖြစ်စေရန် ကြိုးပမ်းရေး။
(၇) စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်ရေး။
(၈) စက်ခေါင်း၊ တွဲ ချို့ယွင်းမှုလျော့နည်းရေး။
(၉) စက်ကိရိယာနှင့် အရန်ပစ္စည်းများတီထွင်ထုတ်လုပ် တိုးတက်အောင် ဆောင်ရွက်ရေး။
(၁၀) ဝန်ထမ်းအခွင့်အရေးနှင့် သက်သာချောင်ချိရေးကိစ္စများ မျက်ခြေမပြတ်ရေး။
(၁၁) မသမာမှုများ ကင်းရှင်းပပျောက်ရေး။

 

နောက်ခံသမိုင်း

(၁) ၁.၅.၁၈၇၇ ရက်နေ့တွင် Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် (၁၆၁)မိုင်အား A01 ရေနွေးငွေ့စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော ရထားလမ်းကို စတင် ဖွင့်လှစ်ခဲ့ပါသည်။
(၂) ၁၈၉၆ ခုနှစ်တွင် Irrawaddy State Railway သည် Burma Railway Co. Ltd; သို့ ရထားသွားလာမှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ငှားရမ်းခဲ့ပါသည်။ ငှားရမ်းခကာလကုန်ဆုံးသည့် ၃၁.၁၂.၁၉၂၈ ရက်နေ့မှစ၍ Indian Railway Board လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။
(၃) ၁၉၃၇ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ခွင့်ရရှိသည်နှင့်အညီ မြန်မာ နိုင်ငံအစိုးရသည် Burma Railway Board ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
(၄) ၁၉၄၂ ခုနှစ်တွင် British Governor သည် Burma Railway Board ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်များအား Chief Railway Commissioner သို့ လွှဲပြောင်းပေးခဲ့ပါသည်။
(၅) ၄.၁.၁၉၄၈ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် ငွေစာရင်းမင်းကြီးအား (Financial Commissioner, Lands and Rural Development) Railway Board ၏ ဥက္ကဌ (Chairman)အဖြစ် ခန့်အပ် တာ၀န်ပေးခဲ့ပါသည်။
(၆) ၁.၁၂.၁၉၅၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ အက်ဥပဒေ ပြဌာန်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အား ဖွဲ့စည်း၍ အချိန်ပြည့် ဥက္ကဋ္ဌကို ခန့်အပ်တာ၀န်ပေးခဲ့ပါသည်။ အဆိုပါ ဥက္ကဋ္ဌသည် Chief Executive Officer တာ၀န်ကိုပါ ထမ်းဆောင်ရပါသည်။
(၇) ၁၉၇၂ ခုနှစ်တွင် မြန်မာ့မီးရထားကော်ပိုရေးရှင်း (Burma Railway Corporation) အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ စီမံခန့်ခွဲရေးကော်မတီဖြင့် စီမံအုပ်ချုပ်စေခဲ့ပါသည်။
(၈) ထိုမှတဖန် ၁.၄.၁၉၈၉ ရက်နေ့တွင် မြန်မာ့မီးရထားဟုပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
(၉) မြန်မာ့မီးရထားသည် ဗြိတိန်နိုင်ငံထက်(၅၂)နှစ်၊ အိန္ဒိယနိုင်ငံထက်(၂၄)နှစ် နောက်ကျပြီး ရထားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၂ခုနှစ်တွင်(၁၃၅)နှစ် ရှိခဲ့ပြီးဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံ ရထားလုပ်ငန်းများတွင် သက်တမ်း ရင့်သည့် ရထားလုပ်ငန်းတစ်ခု အဖြစ် တည်ရှိပါသည်။

 

မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၃)တွင် အောက်ပါဌာန များဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။

(၁) အထက်မြန်မာပြည်အုပ်ချုပ်ရေးဌာန
(၂) တိုင်းတာဝန်ခံ-တိုင်းအမှတ်(၃)
(၃) သွားလာပို့ဆောင်ရေးဌာန
(၄) မြို့ပြအင်ဂျင်နီယာဌာန
(၅) စက်မှုအင်ဂျင်နီယာဌာန
(၆) လျှပ်စစ်အင်ဂျင်နီယာဌာန
(၇) ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
(၈) ဘဏ္ဍာရေးဌာန
(၉) စီးပွားရေးဌာန
     
  ရုံးလိပ်စာ လမ်း(၃၀)နှင့်(၇၈)လမ်းထောင့်၊ မန္တလေးဘူတာကြီးတတိယထပ်၊
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၃၅၁၄၀
  အီးမေးလ်လိပ်စာ  This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ  www.myanmarailways1877.com
   Social Link

https://www.facebook.com/Myanma-Railways-MDY-953595591452839/

 

Eservices   Topics
   
News  
 
No tagged items found