ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဧရာဝတီဌာနခွဲ

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

     

 လုပ်ငန်းနယ်မြေ

(၁) မြစ်ကြီးနားမြို့မှ သရက်မြို့ထိ ဧရာဝတီမြစ်(၆၈၅)မိုင်

 

ဆောင်ပုဒ်

(၁) "အန္တရာယ်ကင်းရှင်းရေး ၊ ဝန်ဆောင်မှုအပြည့်အဝပေးရေး၊ အသွင်ပြင်ကောင်းမွန်ရေး" "Safety , Service, Image"

 

ရည်ရွယ်ချက်

(၁) "များများသယ် ၊ မြန်မြန်ပို့ ပြည်သူတွေစိတ်ချမ်းသာဖို့" ၊ "ပို့ဆောင်ခြင်းဖြင့် စီးပွားမြှင့်အံ့။"

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ငန်းတာဝန်များ

(၁) ဧရာဝတီမြစ် ၊ ချင်းတွင်းမြစ် ၊ မြစ်ဝကျွန်းပေါ်ဒေသများ ၊ ရခိုင် ၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ခြင်း။
(၂) ခရီးသည်နှင့် မော်တော်ယာဉ်များသွားလာမှု အဆင်ပြေစေရေးအတွက် ကူးတို့လမ်းများ ပြေးဆွဲခြင်း။
(၃) ဧရာဝတီမြစ် ၊ ချင်းတွင်းမြစ်နှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆန်စပါး ၊ ဘိလပ်မြေ ၊ သစ်လုံး ၊ သစ်ခွဲသား ၊ ကျောက်စရစ် ၊ ရေနံထွက်ပစ္စည်းများ ၊ ကျောက်မီးသွေ ၊ ရေနံနှင့် စီမံကိန်းဝင် တည်ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုသော စက်ယန္တရားကြီးများစသည့် ကုန်ပစ္စည်းများ ကို သယ်ယူပို့ဆောင်ပေးခြင်း။
(၄) နိုင်ငံတော်အစိုးရ ၊ ဌာနဆိုင်ရာများ၏ စက်ပစ္စည်းကိရိယာများ ၊ မော်တော်ယာဉ်ကြီးများနှင့် လေးလံသည့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်း။
(၅) ခေတ် စနစ်နှင့်လျော်ညီသည့် ရေယာဉ်ပုံစံများရေးဆွဲ၍ ရေယာဉ်သစ်များ တည်ဆောက်ပေးရခြင်း။
(၆) သယ်ယူပို့ဆောင်ရေးဌာန၏ လိုအပ်ချက်အရ စက်ရှိရေယာဉ်မှ စက်မဲ့ကုန်တင်တွဲ ၊ စက်မဲ့ ကုန်တင်တွဲမှ ဆိပ်ခံတွဲအဖြစ်သို့လည်းကောင်း ၊ ကုန်တင်တွဲမှ ခရီးသည်တင်ရေယာဉ်များအဖြစ် သို့လည်းကောင်း ၊ ပုံစံပြောင်းတည်ဆောက်ခြင်း ၊ စက်မဲ့တွဲများကို စက်ရှိရေယာဉ်အဖြစ် အကြီးစားပြုပြင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးပါသည်။

 

အဓိကလုပ်ငန်းတာဝန်များ

(၁) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် မြန်မာနိုင်ငံ အတွင်းရှိ ရေယာဉ်များသွားလာလှုပ်ရှားနိုင်သည့် မြစ်ချောင်းများတလျှောက်ရှိ မြို့ရွာများသို့ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ရေလမ်းခရီးဖြင့် ပို့ဆောင် ပေးသော လုပ်ငန်းများကိုဆောင်ရွက်ပါသည်။
(၂) ပြည်တွင်းရေကြောင်ပို့ဆောင်ရေး ၊ ဧရာဝတီဌာနခွဲ ၊ မန္တလေးသည် မန္တလေးမြို့ကို အခြေပြု၍ ဧရာဝတီမြစ်မကြီး၏ မြစ်ကြီးနားနှင့်ဆင်ဘိုလမ်း ၊ ဗန်းမော်-မန္တလေး ၊ မန္တလေးပြည်လမ်းအပိုင်းများတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပြီး ယခုလက်ရှိအခြေအနေတွင် မန္တလေး-ဗန်းမော်လမ်းပိုင်းနှင့် မန္တလေး-ညောင်ဦးလမ်းပိုင်းတို့တွင်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
(က) မန္တလေး-ဗန်းမော်အထူးအမြန်လမ်း
(ခ) မန္တလေး-ဗန်းမော်အမြန်လမ်း
(ဂ) မန္တလေး-ညောင်ဦးအမြန်လမ်း
(ဃ) မန္တလေး-ညောင်ဦးအထူးအမြန်လမ်း

 

ရေယာဉ်များငှားရမ်းပေးခြင်း

မိမိတို့အသုံးပြုလိုသောခရီးလမ်းအလိုက် ၊ လိုအပ် သော ရေယာဉ်အမျိုးအစားများကို ဌာနမှ သတ်မှတ်ပေးထားသော ငှားရမ်းခနှုန်းထားများဖြင့် ငှားရမ်းနိုင်ပါသည်။ ငှားရမ်းနိုင်သော ရေယာဉ် အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁) ရွှေကိန္နရီရေယာဉ်များ - လူစီးသီးသန့် (ခရီးသည်ခန်း/စားသောက်ခန်း)(၁၀၀)ဦး
(၂) ပီကြီးအမျိုးအစားများ - (လူစီး/ကုန်တင်)
(၃) ပီလတ်အမျိုးအစားများ - (လူစီး/ကုန်တင်)
(၄) ဇက်အမျိုးအစားများ - (ကမ်းထိုးရေယာဉ်)
(၅) တီအမျိုးအစားများ - (လူစီး/ကုန်တင်)
(၆) တံခွန်အမျိုးအစားများ - (လူစီး/ကုန်တင်)

 

ဆက်သွယ်ဆောင်ရွက်နိုင်သောနည်းလမ်းများ

ခရီးသည်။ ခရီးသွားပြည်သူများသည် မိမိတို့လိုက်ပါစီးနင်းလိုသည့်နေ့မတိုင်မီ တစ်ရက်ကြိုတင်၍ ဂေါဝိန်ဆိပ်ကမ်း ၊ ဆိပ်ခံအမှတ်(၁)ပေါ်တွင် နံနက် (၀၈:၀၀) တစ်ကြိမ် ၊ (၁၃:၀၀)နာရီတစ်ကြိမ် ကြိုတင်လက်မှတ်ရောင်းချသော ရုံးခန်းတွင် ဝယ်ယူနိုင်ပြီး ထွက်ခွာမည့်နေ့ ရေယာဉ်မထွက်ခွာမီအချိန်အတွင်း ဝယ်ယူစီးနင်း နိုင်ပါသည်။
ကုန်စည်။ ကုန်တင်ဆောင်လိုသူများအနေဖြင့် မိမိတို့တင်ဆောင်လိုသည့် ကုန်အမျိုးအစား ၊ အရေအတွက်စာရင်းနှင့် တင်ပို့လိုသည့် ဆိပ်ကမ်းအလိုက် ရေယာဉ်ထွက်ခွာမည့်ရက်ထက် နှစ်ရက်ကြိုတင်၍ ဌာနနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပြီး သင့်လျော်မည့် ရေယာဉ်တွင် တင်ဆောင်ခွင့်လက်မှတ်ကို ထုတ် ပေးမည်ဖြစ်ပါသည်။ ကုန်တင်တန်ဆာခကို ကုန်တင်ပြီးသည်နှင့်ပေးဆောင်ရမည် ဖြစ်ပါသည်။
ရေယာဉ်ငှားရမ်းခြင်း။ မိမိတို့အသုံးပြုမည့် လုပ်ငန်းလိုအပ်ချက်အပေါ်တွင် အထက်အပိုဒ်( )ပါ ရေယာဉ်များမှ ရွေချယ် ငှားရမ်းနိုင်ပြီး ဌာနမှပေးစွမ်းနိုင် မည့် ရက်/ရေယာဉ်တို့ကို အနည်းဆုံးတစ်ပတ်ခန့် ကြိုတင်ညှိနှိုင်း စာချုပ်ချုပ်ဆို ရန်လိုအပ်မည်ဖြစ်သဖြင့် ကိုယ်တိုင်လာရောက် ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။

 

ပြေးဆွဲသော ခရီးစဉ်များ

(က) မန္တလေး-ဗန်းမော်အထူးအမြန်လမ်း (တနင်္လာ၊ ကြာသပတေး၊စနေ-နံနက် ၀၆:၀၀ နာရီ)
(ခ) မန္တလေး-ဗန်းမော်အမြန်လမ်း (တနင်္ဂနွေ၊ဗုဒ္ဓဟူး၊သောကြာ-နံနက် ၀၆:၀၀ နာရီ)
(ဂ) မန္တလေး-ညောင်ဦးအမြန်လမ်း (တနင်္ဂနွေ ၊ ဗုဒ္ဓဟူး - နံနက် ၀၅:၃၀ နာရီ)
(ဃ) မန္တလေး-ညောင်ဦးအထူးအမြန်လမ်း (နေ့စဉ် ၀၇:၀၀ နာရီ ၊ ဇူလိုင်လမှ မတ်လထိ)
     
  ရုံးလိပ်စာ အကွက်အမှတ် (၃၃၂ ၊ ၃၃၃)၊ ၃၅လမ်းနှင့်စိန်ပန်းလမ်းမကြီးထောင့်၊ စိန်ပန်းရပ်ကွက် ၊ မဟာအောင်မြေမြို့နယ်
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၃၆၀၃၅
  ဆိပ်ကမ်းရုံး  ၀၉ ၇၉၄၀၄၀၅၇၀၊ ၀၉ ၇၉၄၀၄၀၅၇၁၊ ၀၉ ၃၃၀၄၀၁၉၇
  ဖက်(စ်)ဖုံး ၀၂ ၆၃၆၁၀
  အီးမေးလ်လိပ်စာ  
  website လိပ်စာ  
   Social Link Ayeyar Iwt

 

Eservices   Topics
     
News  
No tagged items found