လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

 

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 

ဦးစီးဌာန၏ ရည်ရွယ်ချက်

(၁) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံလေကြောင်းနယ်နိမိတ်အတွင်း ပြည်တွင်း၊ပြည်ပ လေယာဉ်များဘေးကင်း စိတ်ချစွာ ပျံသန်းနိုင်ရေး အချိန်မှန် ပျံသန်းနိုင်ရေး၊ စွမ်းအားပြည့်ပျံသန်းနိုင်ရေးတို့ဖြစ် ပါသည်။

 

 ဦးစီးဌာန၏ လုပ်ငန်းတာ၀န်

(၁) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မြန်မာနိုင်ငံ၏ လေကြောင်း နယ်နိမိတ်အတွင်း ပြည်တွင်း၊ ပြည်ပလေယာဉ်များ ဘေးအန္တရာယ်ကင်းဝေး စွာပျံသန်းသွားလာ နိုင်ရန်
(၂) လေလမ်းကြောင်းများရေးဆွဲရေး (Airways)
(၃) လေဆိပ်များ(Airport) အားနိုင်ငံတကာအဆင့်မီလေဆိပ်များ ဖြစ်ပေါ်စေရေး
(၄) လေကြောင်းအထောက်အကူပြုစနစ်များ (Air Navigation Facilities) နိုင်ငံတကာအဆင့်မီတိုးတက်ဖွံ့ဖြိုးလာစေရန်

 

 ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့်လုပ်ငန်းတာဝန်းများ

(၁) မြန်မာနိုင်ငံ၏လေကြောင်းနယ်နိမိတ်အတွင်း ပြည်တွင်း၊ပြည်ပမှလေယာဉ် များအား အများပြည်သူဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လေကြောင်းထိန်းသိမ်းရေး၊ လေကြောင်းဆက်သွယ်ရေးနှင့် လေကြောင်းလုံခြုံ ရေးကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးရခြင်း
(၂) မြန်မာနိုင်ငံအတွင်းရှိလေဆိပ်များအားခရီးသည်များအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ လေဆိပ်များနိုင်ငံတကာအဆင့်မီ တိုးတက်ဖွံ့ဖြိုးရေးနှင့် ခရီးသွား များစိတ်ချမ်းသာစေရေး
 
  ရုံးလိပ်စာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ၊တံတားဦး
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၂၇၀၂၀၊ ၀၂ ၂၇၀၂၃
  ဖက်စ်ဖုန်း
   အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.         
   Facebook Page www.facebook.com/Myanmar DCA
   Website www.dca.gov.mm

  

Eservices   Topics
     
News