For eMandalay data

၂၀၁၇ ဇွန်လ ၁ ရက်

eMandalay Web Portal ၏ လက်ရှိအခြေအနေတွင် Data ရရှိထည့်သွင်းခြင်းမှာ ထက်၀က်နီးပါးခန့်  ပြီးစီးပြီ ဖြစ်သောကြောင့် ထည့်သွင်းထားသော အချက်အလက်များအား လက်ရှိကာလ အချက်အလက်များနှင့် ပြန်လည် တိုက်ဆိုင်စစ်ဆေးရန်နှင့် အချက်အလက်များ တိကျမှန်ကန်စေရေး ရည်ရွယ်ကာ မေလ ၂၈ရက်၊ ၃၀ ရက်နှင့်  ၃၁ ရက်နေ့များတွင် Data ထည့်သွင်းပြီးသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး အစိုးရရုံး website ဌာနတွင် တွေ့ဆုံခဲ့ကြပါသည်။ ဌာနပေါင်း ၆၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ပြီး အမြင်များ ဖလှယ်ကြကာ အချက်အလက်အသစ်များအတွက် ထပ်မံဖြည့်တင်း ပြင်ဆင်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

(eGov သတင်းစဉ်)