s7 cover

အားကစားနှင့်ကာယပညာဦးစီးဌာန

Category: အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန

     

အားကစားနှင့်ကာယပညာဦးစီးဌာနဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်(၃)ရပ်

(၁) မြန်မာအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်။
(၂) နိုင်ငံတကာအားကစားများတွင် အဆင့်မီအရည်အသွေးရှိသော ထူးချွန်အောင်မြင်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန်။
 (၃) နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့အားကစား အောင်မြင်မှု ရရှိစေရန်။

 

ဦးစီးဌာန၏ ဆောင်ပုဒ်

''မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့''

 

နိုင်ငံတော်မှ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ပေးအပ်ထားသည့် တာဝန်ကြီး(၄)ရပ်

(၁) တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး။
(၂) မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး။
(၃) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင် နိုင်ရေး။
(၄)  အရှေ့တောင်အာရှမှအာရှ ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေး။

 

အားကစားနှင့်ကာယပညာဦးစီးဌာနမှ ချမှတ်ထားသည့်အဓိကတာဝန်(၅)ရပ်

(၁) လူရွေးချယ်ရေး။
(၂) အားကစားကွင်း/ရုံထိန်းသိမ်းရေး။
(၃) ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပရေး။
(၄) ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် အတတ်နိုင်ဆုံးမပျက်မကွက် ပါဝင်ယှဉ်ပြိုင်ရေး။
(၅) စည်းကမ်းကောင်းမွန်ပြီးအရည်အချင်းမြင့်မားရေး။

 

ဦးစီးဌာနတွင် ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ

(၁) လူထု စုပေါင်းလမ်းလျှောက်ခြင်း
(၂) အားကစားသင်တန်းများ ဖွင့်လှစ်ခြင်း
(၃) အားကစာနှင့် ကာယပညာသိပ္ပံ သင်တန်းသားများ ရွေးချယ်ခြင်း

 

အားကစား သင်တန်းများ ဖွင့်လှစ်ရာတွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန အနေဖြင့် အားကစားဆပ်ကော်မတီများနှင့် ပူးပေါင်း၍ အခြေခံ၊ အဆင့်မြင့် အားကစား သင်တန်းများကို ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် သင်တန်း တက်ရောက်ရန် ရုံးသို့ ပြည်သူများ လာရောက်မေးမြန်း အခါ ဖွင့်လှစ်မည့် အားကစား နည်းများ အလိုက် နေရာအချိန်နှင့် လျှောက်လွှာများကို သက်ဆိုင်ရာ အားကစား ဆပ်ကော်မတီများ ထံမှ ထုတ်ယူနိုင်ရေး ဆက်သွယ်ဆောင်ရွက် ပေးပါသည်။

     
  ရုံးလိပ်စာ လမ်း ၃၀၊ လမ်း ၇၀ x ၇၁ လမ်းကြား၊ ဗထူးအားကစားပြိုင်ဝင်း၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၃၃၆၁၉၊ ၀၂ ၆၀၂၆၃
  အီးမေးလ်လိပ်စာ sThis email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ
   Social Link
     

 

 

Eservices   Topics
No tagged items found
   
News