i1cover

လူမှုဖူလုံရေးရုံး

 

Category: အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန

မြန်မာနိုင်ငံ ၊ လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၄ ခုနှစ် တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး လူမှုဖူလုံရေးအက်ဥပဒေ အရ ၁-၁-၁၉၅၆ ခုနှစ်တွင် စတင်ကျင့်သုံး အကောင်အထည် ဖော်ခဲ့ပါသည်။ အာမခံအလုပ် သမားများ အကျိုးခံစားခွင့်များ ပိုမိုတိုးတက်ရရှိ စေရေးအတွက် လူမှုဖူလုံရေးဥပဒေကို ၂၀၁၂ ခုနှစ် တွင် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ် ၊ ဧပြီလ(၁)ရက်နေ့တွင် စတင်ကျင့်သုံး အကောင် အထည်ဖော်ခဲ့ပါသည်။

 လူမှုဖူလုံရေးအဖွဲ့၏ ရည်ရွယ်ချက်

(၁) အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင် ရေးအတွက် အလုပ်ရှင် ၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊
(၂) အများပြည်သူတို့က မိမိတို့၏ ဆန္ဒအလျောက် အာမခံထားရှိပြီး လူမှုဘဝလုံခြုံရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုရရှိ ခံစားနိုင်စေရန်၊
(၃) လက်တွေ့ပကတိ အခြေအနေနှင့် ကိုက်ညီသော အကျိုးခံစားခွင့်များ ပေးခြင်းဖြင့် လူမှုဖူလုံရေးစနစ်အပေါ် အများပြည်သူ ယုံကြည်ကိုးစား မှုများ ပိုမိုတိုးပွားလာ စေရန်၊
(၄)  အလုပ်ရှင်နှင့် အလုပ်သမားတို့က ပေးသွင်းထားသည့် အချို့သော ထည့်ဝင်ကြေး များကို စုဆောင်းငွေကဲ့သို့ သတ်မှတ်ချက်များနှင်အညီ ပြန်လည်ထုတ်ယူ ခံစားခွင့် ရှိစေရန်၊
(၅) အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကျန်းမာမှု ၊ မီးဖွားမှု ၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့် တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့် ၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် ၊ သက်ပြည့် အငြိမ်စား အကျိုးခံစားခွင့် ၊ ကျန်ရစ်သူအကျိုးခံစားခွင့် ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များကိုပါ ရရှိစေရန်။

 လူမှုဖူလုံရေးအဖွဲ့၏ဆောင်ပုဒ်

"One for All , All for One"
"စုပေါင်းခြင်းဖြင့် ဖူလုံအံ့"

လူမှုဖူလုံရေးစီမံကိန်း ရည်မှန်းချက်များ-

(၁) အလုပ်သမားများကျန်းမာမှု ကောင်းမွန်တိုးတက်၍ အလုပ်လုပ်နိုင်သည့် စွမ်းအား မြင့်မားပြီး ကုန်ထုတ်လုပ်မှု တိုးတက်စေရန်၊
(၂) လူမှုဖူလုံရေးစီမံကိန်းသည် မမာမကျန်းမှု ၊ မီးဖွားမှု ၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာရမှု ၊ အလုပ်လက်မဲ့ဖြစ်မှု ၊ အသက်အရွယ်ကြီးရင့်မှု ၊ သေဆုံးမှုစသည့် လူမှုအန္တရာယ် များကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် မလွဲမသွေတွေ့ကြုံသည့် အခါတွင် ထိရောက် ပြည်စုံသည့် အကျိုးခံစားခွင့်များ ရရှိနိုင်စေရန်၊
(၃) အလုပ်မလုပ်နိုင်သည့်အခါ အလုပ်သမားနှင့် မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့မှု ရရှိနိုင်စေရန်၊
(၄)  လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန်၊

 

လူမှုဖူလုံရေးစနစ် နှင့် အကျိုးခံစားခွင့်များ-

လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၁ (က) အရ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော အလုပ်ဌာနများ
အနည်းဆုံးအလုပ်သမား (၅)ဦးအထက် အလုပ်လုပ်ကိုင်ပါက ဤဥပဒေပါ လူမှုဖူလုံရေး စနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေ ရမည်-

(၁) စက်အား သို့မဟုတ် စွမ်းအား တစ်ခုခုကို အသုံးပြု၍ ဖြစ်စေ ၊ အသုံးမပြုဘဲ ဖြစ်စေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော စက်မှုလက်မှု အလုပ်ဌာနများ ၊ ပစ္စည်း ထုတ်လုပ်မှု၊ ပြင်ပြင်မှု ၊ ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် အင်ဂျင်နီယာ လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းများ ၊ အလုပ်ရုံများ ၊ သိုလှောင်ရုံများ ၊ ဌာနများ ၊
(၂) စီးပွားရေးလုပ်ငန်းလုပ်ကိုင်သောအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ
(၃) စည်ပင်သာယာရေးအဖွဲ့အစည်းများ၊
(၄)  ငွေရေးကြေးရေး အဖွဲ့အစည်းများ၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီ ၊ အသင်း အဖွဲ့အစည်းများနှင့် ယင်းတို့ ၏ လက်အောက်ခံလုပ်ငန်းဌာနများနှင့်ရုံးခွဲများ၊
(၆) ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများ ၊ အများပြည်သူ ဖျော်ဖြေရေးအလုပ်ဌာန များ၊
(၇) စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းပိုင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ယင်းဌာန ၊ အဖွဲ့အစည်းနှင့် ဖက်စပ်ဖြစ်စေ စီးပွားရေးအရ လုပ်ကိုင်သော သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၊
(၈) အလုပ်ခန့်ထားမှု သဘောတူညီချက်ဖြင့် တစ်နှစ်နှင့် အထက် လုပ်ကိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများ၊
(၉) နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဖြင့်ဖြစ်စေ၊ နိုင်ငံသားရင်းနှီးမြှပ်နှံမှုဖြင့်ဖြစ်စေ လုပ်ကိုင် သော လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ၊
(၁၀) တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ သတ္တုတွင်းနှင့် ကျောက်မျက်ရတနာဆိုင်ရာ လုပ်ငန်း များ၊
(၁၁) တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ရေနံနှင့် သဘာဝဓါတ်ငွေ့ဆိုင်ရာ လုပ်ငန်းများ၊
(၁၂) တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ဆိပ်ကမ်းများနှင့် ပြင်ပဆိပ်ကမ်းများ၊
(၁၃) ကုန်တင်ကုန်ချ အလုပ်သမားများဖြင့် လုပ်ကိုင်သော လုပ်ငန်းအဖွဲ့အစည်းများ၊
(၁၄) အလုပ်သမားဝန်ကြီးဌာနနှင့် ယင်း၏ လက်အောက်ခံဌာန၊ အဖွဲ့အစည်းများ၊
(၁၅) ဤဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များ အတွက် မှတ်ပုံမတင် မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည်ဟု အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေး အဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်အခါအားလျော်စွာ သတ်မှတ်သော လုပ်ငန်းဌာနများ။

ဆန္ဒအလျောက်မှတ်ပုံတင်ခြင်း

(၁) ဤဥပဒေပါ မှတ်ပုံမတင်မနေရပြဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသည့် လုပ်ငန်းဌာနများရှိ အလုပ်ရှင်များနှင့် အလုပ်သမားများ
(၂) လုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်ခြင်းမရှိသော အများပြည်သူများ
(၃) ကျောင်းသူ၊ ကျောင်းသားများ၊ လုပ်ငန်းခွင်နှင့် ကင်းကွာနေသူများ ၊ အိမ်ဖော်များ နှင့် နိုင်ငံခြားသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူများ၊
(၄) ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ ၊ စုပေါင်းလုပ်ငန်းလုပ်ကိုင်သူများ ၊ သက်မွေး ဝမ်းကျောင်းပညာရပ်ဆိုင်ရာ လုပ်ငန်း လုပ်ကိုင်သူများနှင့် တောင်သူ လယ်သမား များ ၊
(၅) အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်၍ အာမခံထား နိုင်သည်ဟု အခါအားလျော်စွာ သတ်မှတ်ထားသည့် လုပ်ငန်းဌာနများမှပုဂ္ဂိုလ်များ ။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များအာမခံစနစ် (၆)မျိုး

(၁) ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်
(၂) မိသားစုထောက်ပံ့မှု အာမခံစနစ် (ထည့်ဝင်ကြေးပေးသွင်းရန် မလိုပါ)
(၃)

အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် ၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံစနစ်
(ပုဒ်မ ၁၃ အရ အစိုးရ ဝန်ထမ်းများနှင့် မသက်ဆိုင်ပါ ။ အာမခံထားလိုပါက မိမိတို့ ကိုယ်တိုင်အလုပ်ရှင် ၊ အလုပ်သမား ထည့်ဝင်ကြေးများပေးပြီး အာမခံထား ရှိနိုင်ပါသည်။)

(၄)

အလုပ်လက်မဲ့အကျိုးခံစားခွင့်အာမခံစနစ်
(ပုဒ်မ ၁၃ အရ အစိုးရ ဝန်ထမ်းများ အာမခံထားရန်မလိုပါ။)

(၅)

အခြားလူမှုဖူလုံရေးစနစ် (အိမ်ယာစီမံကိန်း)
(အလုပ်သမားကသာ မိမိတို့ ဆန္ဒရှိက ထည့်ဝင်ကြေးပေးရမည်။)

(၆)

အလုပ်တွင်ထိခိုက်မှု အကျိုးခံစား အာမခံစနစ်

a

စဉ် အမျိုးအစား ပြည့်မှီရမည့်ကာလ အကျိုးခံစားခွင့် မှတ်ချက်
မှတ်ပုံတင် ထည့်ဝင်ကြေး

ဆေးခွင့်
(အများဆုံး)

ငွေ
(ပျမ်းမျှလစာ၏)

ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်      
မမာမကျန်းမှု ၆လ ၄လ ၂၆ပတ် ၆၀%  

အငြိမ်းစားဆေးကုသမှု

ခံယူခွင့်

 

၁၈၀လ

အထက်

၂၆ပတ် ၅၀%

ဥပဒေ(၂)

ရပ်ပေါင်း

မီးဖွားမှု ၁၂ လ ၆လ ၁၄ပတ်မှ၁၈ပတ် ၇၀%  
မီးဖွားစရိတ် ၁၂လ ၆လ ၁ဦးမွေး ၅၀%  
        ၂ဦးမွေး ၇၅%  
        ၃ဦးအထက် ၁၀၀%  
ဖခင်ဘဝဖြစ်မှု ၁၂လ ၆လ ၁၅ရက် ၇၀%  
ဇနီးမီးဖွားစရိတ် ၁၂လ ၆လ ၁ ဦးမွေး ၂၅%  
        ၂ ဦးမွေး ၃၇.၅%  
        ၃ ဦးအထက် ၅၀%  

၁နှစ်အောက်ကလေး

မွေးစားခွင့်

၁၂လ ၆လ ၈ပတ် ၇၀% ၁ကြိမ်သာ
ကိုယ်ဝန်လျောမှု ၁၂ လ  ၆ လ ၆ပတ် ၇၀%  
နာရေးစရိတ် ၁ လ - ၁ဆမှ ၅ဆ  
  မိသားစုထောက်ပံ့မှုအာမခံစနစ်        
၁၀ ပညာသင်စရိတ် ၄၈လ ၃၆လ ၁ ဦး ၁၀%  
၁၁ သဘာဝဘေးအန္တရာယ် ၄၈လ ၃၆လ  

၄၀% +

ပစ္စည်း

 
  အလုပ်တွင်ထိခိုက်မှုအာမခံစနစ်        
၁၂ ယာယီမသန်စွမ်းမှု ၁လ ၅၂ ပတ် ၇၀%  
၁၃ အမြဲတမ်းမသန်စွမ်းမှု ၁လ ၆၀ လ ငွေလုံးငွေရင်း ၂၀%ထိ
        ၈၄ လ ငွေလုံးငွေရင်း ၂၀မှ ၇၅%
        ၁၀၈ လ ငွေလုံးငွေရင်း

၇၅% အထက်

၁၄ ကျန်ရစ်သူပင်စင် ၁လ

၆၀ လ မှ၂၄၀ လ အထက်

 

၃၀ ဆမှ ၈၀ ဆ ထိ

ငွေလုံး ငွေရင်း

 

     
  ရုံးလိပ်စာ အကွက်အမှတ်(၅၆)၊ ၃၅လမ်း× ကမ်းနားလမ်းဒေါင့်၊ ဒေးဝန်းအနောက်၊ ကျောက်ကွေ့ရပ်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၃၉၀၇၄

  ဖက်(စ်)ဖုန်း  
  အီးမေးလ်လိပ်စာ
  website လိပ်စာ

  

Eservices   Topics
   
News