Category:

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်

 အမရပူရမြို့နယ် အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်နှင့် စာရေး ကိရိယာဝယ်ယူရန်အတွက် အလှူငွေလှူဒါန်းခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်၍ မုဒိတာစကားပြောကြားသည်။

 စာရေးကိရိယာများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ အလှူငွေများ လှူဒါန်းခြင်းဖြစ်ပြီး အမရပူရမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများက လက်ခံခဲ့ကြသည်။

အဆိုပါ လှူဒါန်းရာ၌ ဝန်ကြီးချုပ်က မုဒိတာစကားပြောကြားရာတွင် COVID-19 ရောဂါကူး စက်မှုနှုန်းမှာအနည်းငယ်မြှင့်လာသည့် အတွက်ကြိုတင် ကာကွယ်သည့်အနေဖြင့် အထက်ဆင့်ကျောင်း များကိုယာယီပိတ်ထားကြောင်း၊ ယခုလှူဒါန်းမှုသည် ကလေးများ၏ပညာရေးအတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက လှူဒါန်းခြင်းဖြစ်ကြောင်း၊ လှူဒါန်းမှုအတွက် မိမိတို့အနေဖြင့်များစွာကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ် ကာလ ဖြစ်သည့်အတွက် အခမ်းအနားအား အကျဉ်းချုံ့၍ ပြုလုပ်ရခြင်းဖြစ်ပြီး သက်ဆိုင်ရာကျောင်းအုပ်များမှတဆင့် ကျောင်းသား ကျောင်းသူများ လက်ဝယ် အရောက် အကျိုးရှိစွာပေးအပ်သွားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင် စစ်ဝန်ချုပ် Mr.Chenchen က လှူဒါန်းရခြင်း ရည်ရွယ်ကို ပြောကြားပြီး အလှူငွေကျပ်သိန်း ၂၀၀ ကို ပေးအပ်ရာ အမရပူရမြို့နယ်ပညာရေးမှူး  ဒေါ်ရွှေရည်ဝင်းက လက်ခံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။

အဆိုပါထောက်ပံ့လှူဒါန်းရာသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အမရပူရမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း ခုနစ်ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခုနစ်ကျောင်း၊ ယခုနှစ်ပညာသင်နှစ်တွင် ရေဘုတ် နှင့်ဆောက်တော၀(တောင်)ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့ကို ကျောင်းအဆင့်တိုးမြှင့်ရရှိ ထားပြီး Grade-10 ကျောင်းသားကျောင်းသူ ၂၃၉၃ဦး၊ Grade-11 ကျောင်းသားကျောင်းသူ ၁၁၅၉ဦး ပညာသင်ကြားလျက်ရှိသည်။