Category:

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်

ကမ္ဘာ့နိုင်ငံအသီးသီးတွင်ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ရောဂါပိုးကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်းတစ်ရာလှူဒါန်းခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်၊ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းတွင် ပြုလုပ်သည်။

အဆိုပါလှူဒါန်းမှုတွင် အလှူရှင် ဦးကျော်ကျော်၊ (သမီး) မဝင်းဝင်းခိုင် (ကမ္ဘာကျော် ငါး၊ ပုစွန် ရောင်းဝယ်ရေးမိသားစု- သီရိမာလာဈေး)က အလှူငွေ ကျပ်သိန်းတစ်ရာကို စေတနာသဒ္ဓါ ထက်သန်စွာဖြင့် ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က လက်ခံ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။