ဦးစီးဌာန၊ သန့်ရှင်းရေးဌာန

ဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန

  

စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာ '' Swiss Challenge '' ခေါ်ယူခြင်း

 

၁။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်ဆိုင်၍ စီမံခန့်ခွဲခွင့်ရှိသောမြေဧရိယာ(၅)ဧကခန့်တွင်ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှအစိုးရက ဖိတ်ခေါ်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက် တင်သွင်းသည့် စွန့်ပစ်ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ ဖော့ဗူးများမှ ကော်စေ့ (ကုန်ကြမ်း)၊သတ္တုစွန့်ပစ်ပစ္စည်းမှကုန်ကြမ်းပြန်လည် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း (Recycle Product)အဖြစ် လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအဆိုပြုလွှာနှင့် (Business Plan )ရေးဆွဲတင်ပြခဲ့ပါသည်။
၂။ ယင်းမြေဧရိယာ (၅)ဧကတွင် (Recycle Product) လုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး အတွက် မူလအဆိုပြုလွှာနှင့် ယှဉ်ပြိုင်ရွေးချယ်နိုင်ရန် စီမံကိန်း ယှဉ်ပြိုင်အဆိုပြုလွှာများအား အောက်ဖော်ပြပါအစီအစဉ်အတိုင်းခေါ်ယူမည်ဖြစ်ပါသည်-
(က) စီမံကိန်းအဆိုပြုလွှာ စတင်ရောင်းချမည့်ရက် - (၂၆.၈.၂၀၁၉)ရက်၊ တနင်္လာနေ့
(ခ) စီမံကိန်းအဆိုပြုလွှာပိတ်မည့်ရက် - (၉.၁၀.၂၀၁၉)ရက်၊တနင်္လာနေ့
(ဂ) စီမံကိန်းအဆိုပြုလွှာ တင်သွင်းရမည့်နေရာ - သန့်ရှင်းရေးဌာန၊ ၁၉လမ်း(၆၃×၆၄)ကြား၊ နန်းရှေ့စျေးဒုတိယထပ်
(ဃ) စီမံကိန်းအဆိုပြုလွှာ - ၅၀၀၀၀/-
၃။ အသေးစိတ်အချက်အလက်များအား ရုံးချိန်အတွင်း သန့်ရှင်းရေးဌာန (နန်းရှေ့ဈေး ဒုထိယထပ်) ၊ ဖုန်း- ၀၂-၄၀၇၂၀၀၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။


ဦးစီးဌာန : သန့်ရှင်းရေးဌာန