cc

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၊ ၇ ရက်။

 

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ

(၂၀၁၇ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၄။)

၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ရက်

(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်)

မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။)

 

အခန်း (၁)
အမည်နှင့်အကျိုးသက်ရောက်သည့်ကာလ
၁။ (က) ဤဥပဒေကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဟု ခေါ်တွင်စေရမည်။
  (ခ) ဤဥပဒေသည် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေရမည်။
     
အခန်း (၂)
နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်း
၂။ (က) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများ၊ မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် စပ်လျည်း၍ ဇယား (၁) နှင့် (၂) တို့တွင် ခွင့်ပြုထားသော သုံးငွေတို့အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိနှင့်ယှဉ်တွဲဖော်ပြထားသော သက်ဆိုင်ရာ သုံးငွေများကို သုံးစွဲနိုင်သည်။
  (ခ) ပုဒ်မခွဲ (က)တွင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းသည် ၂၀၁၇ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်းဖြစ်သည်ဟု မှတ်ယူရမည်။
၃။ (က) ပုဒ်မ ၂ပါ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားတာဝန်ပေးအပ်သည့်သုံးငွေကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။
  (ခ) သုံးငွေကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဌာန်ချက်များ၊ ၂၀၁၇ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဒေါက်တာဇော်မြင့်မောင်
ဝန်ကြီးချုပ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

Form Download

ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဇယားအား Download ချ ရယူပါ။