cc

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ၊ ၁၁ ရက်။

  

ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးများနှင့်ပတ်သက်သည့်အချက်အလက်များအား ပြည်သူများသိရှိနိုင်ရန်

 

ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုကိုတားမြစ်၍ထိရောက်သောဝန်ဆောင်မှုအလေ့အကျင့်များကိုပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများကအစိုးရနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှုတိုးပွားရန်၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများဦးစီးဌာနအလိုက် အပြန်အလှန် ထိန်းကျောင်းမှု ပြုရန် ရည်မှန်းချက်(၄)ရပ် ချမှတ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် (OSS)ရုံးများဖွင့်လှစ်ထားရှိပါသည်။

 

ဝန်ဆောင်မှုပေးသည့် ဌာနများ

၁။ ပြည်သူ့ဝန်ဆောင်မှုရုံးများတွင်ဝန်ဆောင်မှုပေးသည့်ဌာနဆိုင်ရာများမှာအောက်ပါအတိုင်း ဖြစ်ပါသည်-
  (က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
  (ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့
  (ဂ) လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
  (ဃ) စည်ပင်သာယာရေးအဖွဲ့
  (င) လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
  (စ) ပညာရေးဦးစီးဌာန
  (ဆ) ပြည်သူ့ကျန်းမာရေးဦးစီးဌာန
  (ဇ) သစ်တောဦးစီးဌာန
  (ဈ) စိုက်ပျိုးရေးဦးစီးဌာန
  (ည) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
  (ဋ) လူမှုဝန်ထမ်းဦးစီးဌာန
  (ဌ) လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန
  (ဍ) ပြည်တွင်းအခွန်များဦးစီးဌာန
  (ဎ) လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း
  (ဏ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
  (တ) မီးသတ်ဦးစီးဌာန
  (ထ) မြန်မာ့အာမခံလုပ်ငန်း
  (ဒ) စီမံကိန်းရေးဆွဲရေးဦးစီးဌာန
  (ဓ) လမ်းဦးစီးဌာန
  (န) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
  (ပ) သဘင်အစည်းအရုံးတို့ ဖြစ်ပါသည်။

 

ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ

၂။ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်တွင်ဖွင့်လှစ်ထားသည့် ပြည်သူ့ ဝန်ဆောင်မှုရုံးများတွင် ဌာနဆိုင်ရာ(၂၁)ခုမှ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းအမျိုးအစားများမှာအောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(၁) ပွဲမိန့်လျှောက်ထားခြင်း၊
(၂) အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားခြင်း၊
(၃) အခွန်(၄)မျိုးကောက်ခံခြင်း၊
(၄) မြင်းကောင်ရေ(၂၀)အောက် စက်တပ်ရေယာဉ်မှတ်ပုံတင်ခြင်း၊
(၅) ဘိလိယက်ခုံလိုင်စင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊
(၆) စက်သုံးဆီဆိုင်ခွင့်ပြုချက်ထုတ်ပေးခြင်း၊
(၇) ပုံစံ(၇)လျှောက်ထားခြင်း၊
(၈) ပုံစံ(၁၀၅)လျှောက်ထားခြင်း၊
(၉) မြေယာအငြင်းပွားမှုဖြေရှင်းခြင်း၊
(၁၀) မြေငှားဂရန်လျှောက်ထားခြင်း၊ 
(၁၁) အလှူခံခွင့်ဆောင်ရွက်ပေးခြင်း၊
(၁၂) ကုန်စည်ပြပွဲလျှောက်ထားခြင်း၊
(၁၃) ဗွီဒီယိုလိုင်စင်လျှောက်ထားခြင်း၊
(၁၄) တိုင်စာ/ပစ်စာလက်ခံခြင်း၊
(၁၅) ဓါတ်သတ္တုတူးဖော်ခွင့်လျှောက်ထားခြင်း၊
(၁၆) ထောက်ခံချက်များထုတ်ပေးခြင်း၊
 
(ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့
(၁) သတင်းပေးတိုင်တန်းမှုများဆောင်ရွက်ပေးခြင်း၊
(၂) မူးယစ်ဆေးဝါးသုံးစွဲသူများအားဆေးကုသပေးခြင်းနှင့် ပြန်လည်ထူထောင် ရေးဆောင်ရွက်ခြင်း၊
(၃) ဥပဒေအကြောင်းချင်းရာများကို ပြည်သူများကမေးမြန်းလာပါကအချိန်နှင့် တစ်ပြေးညီရှင်းလင်းဆောင်ရွက်ပေးခြင်း၊
(၄) ရဲအရေးယူမပိုင်မှုများလာရောက်တိုင်တန်းသည်ကိုလက်ခံခြင်း၊
(၅) လုံခြုံရေး၊ရပ်ရွာအေးချမ်းသာယာရေး၊စည်းကမ်းသေဝပ်မှုရှိစေရေးအတွက် သတင်းပေးချက်များအားချက်ချင်းဆောင်ရွက်ပေးခြင်း၊
(၆) ပြည်သူများ၏နစ်နာမှုများအတွက်တိုင်ကြားမှုများကိုအရေးယူဆောင်ရွက်ခြင်း၊
(၇) အရေးပေါ်လုံခြုံရေးတောင်းခံလာပါကစီမံဆောင်ရွက်ပေးခြင်း၊
(၈) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖြင့် အရေးယူခံရပါကအရေးယူခံရမှု နှင့်ပတ်သက်၍ သိလိုသည့်အချက်များကို ချပြရှင်းလင်းပေးခြင်း၊
(၉) ထောက်ခံချက်များပြုလုပ်ပေးခြင်း၊
 
(ဂ) လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
(၁) နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်း၊
(၂) အိမ်ထောင်စုဇယားပြုလုပ်ခြင်း၊
(၃) ပြောင်းဝင်/ပြောင်းထွက် လူဦးရေစာရင်းဆောင်ရွက်ပေးခြင်း၊
(၄) ဖွား/သေစာရင်းဆောင်ရွက်ပေးခြင်း၊
(၅) သွေးနှောပုံစံ(၁၀) ထုတ်ပေးခြင်းနှင့် နေခွင့်သက်တမ်းတိုးမြှင့်ခြင်း၊
(၆) နှစ်လွန်မွေးတိုးလုပ်ငန်းဆောင်ရွက်ပေးခြင်း၊
 
(ဃ) စည်ပင်သာယာရေးအဖွဲ့
(၁) ဝန်ဆောင်မှုနှင့် ဘေးအန္တရာယ်လိုင်စင် (စက်မှု/လက်မှု) လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊
(၂) လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်း၊ 
(၃) လုပ်ငန်းလိုင်စင်ပိတ်သိမ်းလျှောက်ထားခြင်း၊
(၄) လုပ်ငန်းလိုင်စင်အမည်ပြောင်းလျှောက်ထားခြင်း၊
(၅) လုပ်ငန်းနေရပ်လိပ်စာပြောင်းလျှောက်ထားခြင်း၊
(၆) လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း၊
(၇) စီးပွားရေးကြော်ငြာဆိုင်းဘုတ် စိုက်ထူခွင့်ပြုခြင်း၊
(၈) ဘီးခွန်ကောက်ခံခြင်း၊
(၉) အဆောက်အဦဆောက်လုပ်ခွင့်ပြုခြင်း၊
(၁၀) အမှိုက်သိမ်းလုပ်ငန်းဝန်ဆောင်မှုပေးခြင်း၊
(၁၁) မိလ္လာသိမ်းလုပ်ငန်းဝန်ဆောင်မှုပေးခြင်း၊
(၁၂) အိမ်သွယ်ရေတိုင်လုပ်ငန်းဝန်ဆောင်မှုပေးခြင်း၊
(၁၃) ဝင်းခြံ/စည်းရိုးကာရန်မှု ခွင့်ပြုခြင်း၊
 
(င) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန  
(၁) စာချုပ်သက်တမ်းမှတ်ပုံတင်ခြင်း၊
(၂) ပုံစံ(၃)/ပုံစံ(၇) ထုတ်ပေးခြင်း၊
(၃) လယ်ယာ(၂၈) လျှောက်ထားမှု (သီးနှံပြောင်းစိုက်ရန်)၊
(၄) သက်သေခံမြေပုံရေးကူးရန်အတွက်(၁၀၃)ပုံစံဖြင့်လျှောက်ထားရေးဆောင်ရွက်ပေးခြင်း၊
(၅) ဧက(၅၀)ထက်မပိုသောမြေလွတ်မြေရိုင်းများလျှောက်ထားခြင်း၊
(၆) ပုံစံ(၁၀၅)/(၁၀၆)ရေးကူးခြင်း၊
(၇)  လယ်ယာမြေအခြားနည်းအသုံးပြုခွင့် (၃၀/ခ) လျှောက်ထားခြင်း၊
 
(စ) ပညာရေးဦးစီးဌာန
(၁) တက္ကသိုလ်ဝင်အောင်လက်မှတ်/ အမှတ်စာရင်းလျှောက်ထားခြင်း၊
(၂) ကျောင်းပြောင်းလက်မှတ်ဆောင်ရွက်ခြင်း၊
(၃) ကိုယ်ပိုင်ကျောင်းများကျူရှင်၊ဘော်ဒါတည်ထောင်ခွင့်ဆောင်ရွက်ပေးခြင်း၊
(၄) ကျောင်းအဆင့်တိုးမြှင့်ခြင်း၊
(၅) နေ့စား/လပေးပညာရေးဝန်ထမ်းများလျှောက်လွှာခေါ်ယူခြင်း၊
(၆) ပုဂ္ဂလိက၊ မူကြိုမှတ်ပုံတင်ခြင်း၊
 
(ဆ) ပြည်သူ့ကျန်းမာရေးဦးစီးဌာန
(၁) မွေးဖွား/သေဆုံးစာရင်းသွင်းခြင်း၊
(၂) သင်္ချိုင်းလက်မှတ်ထုတ်ပေးခြင်း၊
(၃) အရှင်မွေးမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊
(၄) သေဆုံးမှုမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊
(၅) ကျန်းမာရေးဌာနနှင့်ပတ်သက်သည့် သိလိုသည့်ကိစ္စရပ်များအကြံပြုချက် များအားဆွေးနွေးခြင်း၊
(၆) ထောက်ခံချက်များပြုလုပ်ပေးခြင်း၊
    
(ဇ) သစ်တောဦးစီးဌာန  
(၁) သစ်စက်လိုင်စင်သက်တမ်းတိုးခြင်း၊
(၂) ပရိဘောဂလိုင်စင် လျှောက်ထားခြင်း၊
(၃) အိမ်တွင်းစက်မှု၊လက်မှု(၁၈)လက်မလွှဝိုင်း၊(၅/၆)အင်ဂျင်မှတ်ပုံတင်ခြင်း၊
(၄) သစ်ဝါးအရောင်းဆိုင်လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း/ သက်တမ်းတိုးခြင်း၊
(၅) ထောက်ခံချက်များပြုလုပ်ပေးခြင်း၊
    
(ဈ) စိုက်ပျိုးရေးဦးစီးဌာန
(၁) ဓါတ်မြေသြဇာဖြန့်ဖြူးရောင်းချခွင့် သက်တမ်းတိုးခွင့်အသစ်လျှောက်ထားခြင်း၊
(၂) ပိုးသတ်ဆေးအရောင်းလိုင်စင်ထုတ်ပေးခြင်း၊
    
(ည) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
(၁) အလုပ်သမားမှတ်ပုံတင်ကတ်ထုတ်ပေးခြင်း၊
(၂) အလုပ်ရှင်/အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးလျော်ကြေးကိစ္စဆောင်ရွက်ခြင်း၊
    
(ဋ) လူမှုဝန်ထမ်းဦးစီးဌာန
(၁) အသက်(၆)နှစ်မှ (၈)နှစ်ထိမိဘမဲ့ကလေးများလက်ခံခြင်း၊
(၂) အသက်(၅)နှစ်အောက် ကလေးများမွေးစားခြင်း၊
(၃) မသန်စွမ်းသူများ ပြန်လည်ထူထောင်ခြင်း၊
(၄) မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ခြင်း၊
(၅) စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
    
(ဌ) လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာန
(၁) ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်း၊
    
(ဍ) ပြည်တွင်းအခွန်များဦးစီးဌာန
(၁) အခွန်တံဆိပ်ခေါင်း/စာချုပ်များရောင်းချခြင်း၊
(၂) အခွန်ပေးသွင်းမှု ဆောင်ရွက်ပေးခြင်း၊ 
(၃) ကာလတန်ဖိုးစိစစ်သက်မှတ်ပေးခြင်း၊
(၄) မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် အမည်ပြောင်းသက်တမ်းတိုးခြင်း၊
(၅) ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်များမှ ပြေစာခွန်အမှတ်တံဆိပ် များကိုသက်မှတ်ချက်အတိုင်းပေးသွင်းစေ၍ ထုတ်ပေးခြင်း၊
(၆) ကုန်သွယ်လုပ်ငန်းခွန်/ ဝင်ငွေခွန် ကောက်ခံခြင်း၊
    
(ဎ) လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း
(၁) အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားခြင်း၊
(၂) ထရန်စဖော်မာလျှောက်ထားတပ်ဆင်ခြင်း၊
(၃) ကျေးလက်မီးလင်းရေးဆောင်ရွက်ခြင်း၊
(၄) အိမ်သုံး၊လုပ်ငန်းသုံးပါဝါမီတာအသစ်လျှောက်ထားခြင်း၊
(၅) မီးပျက်သတင်းပေးတိုင်ကြားမှုလက်ခံခြင်း၊
(၆) ဓါတ်အားပြတ်တောက်မှုများ ပြုပြင်ပေးခြင်း၊
(၇) ထောက်ခံချက်များပြုလုပ်ပေးခြင်း၊
(ဏ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန 
(၁) ပုဂံယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ဇုံနယ်မြေများနှင့် ကင်းလွတ်ခြင်းရှိ/မရှိစိစစ်ပြန်ကြားခြင်း၊
(၂) ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းနေအိမ်တိုးချဲ့တည်ဆောက်မှု ရှိ/မရှိ စိစစ်ပြန်ကြားခြင်း၊
(တ) မီးသတ်ဦးစီးဌာန 
(၁) ထောက်ခံချက်များထုတ်ပေးခြင်း(လုပ်ငန်းလိုင်စင်)၊
 
  (ထ) မြန်မာ့အာမံလုပ်ငန်း
      လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း၊
    
  (ဒ) စီမံကိန်းရေးဆွဲရေးဦးစီးဌာန
    (၁) ထောက်ခံချက်များထုတ်ပေးခြင်း၊
    
  (ဓ) လမ်းဦးစီးဌာန
    (၁) လမ်းနယ်ကင်းလွတ်ကြောင်းထောက်ခံချက်ပေးခြင်း၊
    
(န) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
(၁) တယ်လီဖုန်းကတ်ပျောက်လျှောက်ထားခြင်း၊
(ပ) သဘင်အစည်းအရုံး
(၁) ပွဲမိန့်ထောက်ခံချက်ပေးခြင်း၊

 

Form Download

ပြည်သူ့ဝန်ဆောင်မှု (OSS) စတင်ဖွင့်လှစ်သည့်ရက်၊ ဝန်ဆောင်မှုပေးသည့် ဌာနအရေအတွက်နှင့် တည်နေရာအား Download ရယူပါ။